2

1.5K 145 0
                                    

ကျိုးစစ်နှင့်ရွှဲ့မင်တို့နှစ်ဦးသား လှည့်ကြည့်မိရာ နေရာ၌ နဂိုမူလက စတုဂံမျက်နှာပြင်သဏ္ဍာန်သွေးယူထုဆစ်ထားသော ရေခဲနံရံသာရှိသည်။ယခုမူ ကိုယ်ရောင်ကိုယ်ဝါ ပုံရိပ်သာထင်နေသော နတ်ဘုရား တစ်ပါးရပ်နေသည်။ထိုနံရံဘက်သည်  စည်းဝေးဧည့်ခန်းမ၏ အခရာဖြစ်သည့် နတ်နန်းတော်ကိုပိုင်စိုးသူသာ ထိုင်ရသောပလ္လင်ပေ။အတွန့်အချိုးပန်းနွယ်တို့သည် နတ်အပြင်အဆင်လက်ရာတို့ဖြင့် တည်ဆောက်ထားသော်ငြား နတ်မင်းတကာထဲ အလွန်ပင်ရှင်းလင်းသော အသွင်ပြင်တို့ပင်တည်း။မြူတို့တစတစပင်ထနေသည့် ရေခဲပလ္လင်သည်ကား သာမန်လူမဆိုထားဘိ ကာယကံရှင် ရှီးမိန်သာ ထိုင်နိုင်စွမ်းအောင် အအေးပမာဏ မြင့်မားလွန်ကဲ၏။

သို့နှင့် မီးမောင်းထိုးခြင်းမရှိပဲ နာမ်အရိပ်အယောင်ဖြင့်ပင် ထိန်လင်းကြည်လင်သော အရိပ်ပမာပြလာသည့် တစ်ခဏ၌ ပကတိကိုယ်ထည်မျက်နှာသွင်ပြင်ကို ထင်ရှားသွားစေသည်။ထိန်လင်းရောင်ဝါတို့ ကွယ်ပြောက်သွားသည့်တိုင် ဖောက်ထွက်မတတ် ကြည်လင်ဖြူရှင်းသန့်သော အဆင်းရှိသည့်အသားအရည်၊ခံစားချက်တို့အေးစက်သေဆုံးနေသည့် တုနှိုင်းမဲ့စကျင်​​ကျောက်​သားကဲ့သို့​ချော​မောဖြူနှစ်​​သောမျက်နှာကား ရေခဲနတ်မင်းဟုခေါ်ထိုက်ပေသည်။ဆံနွယ်တို့ကားနက်မှောင်​နေလျက် မျက်ခုံးနက်တန်းတန်းသည် စကြာဝဠာဓာတ်​ကိုညှို့ငင်နိုင်စွမ်းသည်။တိကျသေသပ်၍ ပန်းထိမ်ဆရာငိုလောက်သည့် နီဖျော့ရောင် နှုတ်ခမ်းသည်လည်း လှုပ်ရှားမှုမရှိ တည်တံ့နေသည်။လူသားတို့​ခေါ်တွင်​​သော အချစ်​​မေတ္တာထွက်​​ပေါက်​ဖြစ်​ရာ မျက်​ဝန်းစက္ခုတို့သည်​ကား ​ရေခဲ​ကျောက်​စိမ်းနန်း​တော်​၏​ရောင်​စဉ်​တို့နှင့်ထပ်​တူ စိမ်းပြာ​ရောင်​ထင်​ထင်​ရှားရှားသန်း​လေသည်​။အနက်​​ရောင်​မျက်​​တောင်​​ရှည်​တို့သည်​ စိမ်းပြာ​ရောင်​မျက်​ဝန်းအား ခစား​လေ၏။

ပလ္လင်​ထက်​၌ ကျက်​သ​ရေရှိစွာထိုင်​လိုက်​ပြီးသော ရှီးမိန်​နတ်​ဘုရားမှာ ဖြူစင်​ပါးလွှာသော​ရေခဲနှင်းဖပ်​တို့အထပ်​တစ်​ရာ​လောက်​ရက်​ထား​သည့်​ ပိုးသားအင်္ကျီနှင့်​ဆင်​တူဖိနပ်​အား ဝတ်​ဆင်​ထားသည်​။နဂိုမြူဆိုင်း​ရေခဲ​ငွေ့သန်း​နေ​သော ပတ်​ဝန်းကျင်​တစ်​ခုလုံးကြား၌ လှပပြည့်​စုံ​သော နှင့်​ပွင့်​သဏ္ဍာန်​​အဖြစ်​လွှမ်းမိုးထားလေသည်​။နက်​​မှောင်​​ပျော့​ပျောင်း​သော​ကေသာအား ဝတ်​ရုံအဆင်းနှင့်​တူညီ​သော တစ်​လက်​မအပြားရှိသည့်​နှင်းပွင့်​ဖဲကြိုးအား ခါးလယ်​​ကျော်​သည်​ထိ စည်း​နှောင်​ထားပြီး မြူ​ငွေ့​ငွေ့ထတိုင်း လွင့်ပါးနေသည်​။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now