19(part1)

283 33 14
                                    

ညႇီစိမ္းစိမ္း အနံ႕က ေဆးထိန္းထားေသာ္လည္း နွစ္ဦးသားနွာေခါင္းတြင္းတိုးဝင္လာသည္။ရွီးမိန္ အက်ႌအနားစျဖဴျဖဴသည္ အပုပ္ရည္တခ်ိဳ႕စြန္းထင္ကုန္၏။သို႔ေသာ္ သူ႔အာရံုမထားေသးအားေပ။

မိမိအေပၚလႊမ္းမိုးခ်ဳပ္ကိုင္ရန္ လွမ္းလာေနသူအား ဤေနရာ၌ အရွံုးမေပးလိုေပ။

ရွီးမိန္;သူမို႔ ဒီေနရာနားမွာ .....။လုပ္ရက္သည့္သူအား လုပ္ရဲေလစြဟု အျပစ္မတင္နိုင္ေပ။မိမိသည္လည္း အျပစ္မ်ားအထပ္ထပ္ပင္။

မၾကာခင္အရာအားလံုးၿပီးဆံုးသြားေလသည္။႐ွီးမိန္ေတာင့္တမိသည္က ေနနတ္မင္းအျပစ္ေပးခံရလ်ွင္သာ၍ေကာင္းမည္။ယခုလို လစ္လ်ဴ႐ႈမခံထားခ်င္ေတာ့ေပ။ထီးထီးတည္းနန္းတည္ခဲ့ဖူးေသာ ေရခဲနတ္နန္း႐ွင္သည္ ေနာင္တတခ်ိဳ႕ရစ္ေႏွာင္ခံေနရသည္။

သတၱဝါႀကီးအား ျပာခ်အၿပီးထိ ႐ွီးမိန္ ေက်ာက္႐ုပ္လို ႐ုပ္ေသႏွင့္ရပ္ၾကည့္ေနခဲ့ရသည္။က်င့္ၾကံျခင္းစြမ္းအားကုန္ခမ္းေနသူအဖို႔လူေသြးေသာက္ရသည့္အႀကိမ္ေရမ်ားလာသည့္အခါ တစတစ အားေလ်ာ့လာေတာ့သည္။ႏူးညံ႕သည္ထက္ပိုေသာ နတ္မင္း၏ေသြးသားသည္ ဤလူသား႐ွင္ဘုရင္၏႐ုတ္ခ်ည္းရယူျခင္းမ်ားေၾကာင့္ ေနထိုင္မေကာင္းျဖစ္လာသည္။

"ျမင္းေတြ သည္ေနရာမွာရပ္မယ္"။

______________
Long time no seee

Unicode

ညှီစိမ်းစိမ်း အနံ့က ဆေးထိန်းထားသော်လည်း နှစ်ဦးသားနှာခေါင်းတွင်းတိုးဝင်လာသည်။ရှီးမိန် အင်္ကျီအနားစဖြူဖြူသည် အပုပ်ရည်တချို့စွန်းထင်ကုန်၏။သို့သော် သူ့အာရုံမထားသေးအားပေ။

မိမိအပေါ်လွှမ်းမိုးချုပ်ကိုင်ရန် လှမ်းလာနေသူအား ဤနေရာ၌ အရှုံးမပေးလိုပေ။

ရှီးမိန်;သူမို့ ဒီနေရာနားမှာ .....။လုပ်ရက်သည့်သူအား လုပ်ရဲလေစွဟု အပြစ်မတင်နိုင်ပေ။မိမိသည်လည်း အပြစ်များအထပ်ထပ်ပင်။

မကြာခင်အရာအားလုံးပြီးဆုံးသွားလေသည်။ရှီးမိန်တောင့်တမိသည်က နေနတ်မင်းအပြစ်ပေးခံရလျှင်သာ၍ကောင်းမည်။ယခုလို လစ်လျူရှုမခံထားချင်တော့ပေ။ထီးထီးတည်းနန်းတည်ခဲ့ဖူးသော ရေခဲနတ်နန်းရှင်သည် နောင်တတချို့ရစ်နှောင်ခံနေရသည်။

သတ္တဝါကြီးအား ပြာချအပြီးထိ ရှီးမိန် ကျောက်ရုပ်လို ရုပ်သေနှင့်ရပ်ကြည့်နေခဲ့ရသည်။ကျင့်ကြံခြင်းစွမ်းအားကုန်ခမ်းနေသူအဖို့လူသွေးသောက်ရသည့်အကြိမ်ရေများလာသည့်အခါ တစတစ အားလျော့လာတော့သည်။နူးညံ့သည်ထက်ပိုသော နတ်မင်း၏သွေးသားသည် ဤလူသားရှင်ဘုရင်၏ရုတ်ချည်းရယူခြင်းများကြောင့် နေထိုင်မကောင်းဖြစ်လာသည်။

"မြင်းတွေ သည်နေရာမှာရပ်မယ်"။

______________

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now