23(Part2)

194 32 10
                                    

နတ်ဘုရားတစ်ပါး၏လက်ဖဝါးကိုကိုင်ကြည့်လျှင် မည်သို့ခံစားရကြောင်း ရွှဲ့မင်ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်မည်မထင်ပေ။သို့သော်ငြား ဝေါယာဉ်ပေါ်သို့  ဇာမဏီယပ်တောင်တဖျပ်ဖျပ်ခပ်ရင်း တက်သွားသည်က သေချာသည်။

ရှီးဟုန်;အရှင်နတ်ဘုရားပြုတ်ကျတာ ကျေနပ်နေတဲ့မျက်နှာထားနဲ့ပါလား....

မိဖုရားသည် မင်းကြီးရှိရာပုခုံးသို့ ရှီးမိန်မမြင်မြင်အောင် ချိတ်တွယ်မှေးစက်အိပ်ပြလေသည်။ရှီးမိန်သည် ဝေါယာဉ်ကန်လန်ကာကြားမှနေ၍ ​တောင့်ဖြောင့်မြင့်မတ်သောပုခုံးပိုင်ရှင် မင်းကြီးမျက်နှာတော်ကိုကြည့်မိသည်။ ရွှေရသကဲ့သို့မျက်နှာထားမှာ မပြောင်းမလဲရှိလေ၏။တည်ကြည်ရွှင်လန်းလျက် ရှီးမိန်မြင်းခေါင်းထက်က ကြာပန်းများကဲ့သို့ပင်။

မိမိပုခုံးထက်က နေမကောင်းသောမိဖုရား၏ဆံနွယ်တို့မှာ အတန်ငယ်အနံ့အသက်မကောင်းလှပေ။လက်သီးဆုပ်ချောင်းဟန့်မိစဉ် လက်ဖဝါးမှ ကြာပဒေသာနံ့က နှလုံးအိမ်ထိကူးခတ်သွားလေ၏။ထိုတစ်ခဏမှာပင် မြင်းကိုတည်ကြည်အေးဆေးစွာစီးနေသော ပုဝါဖြူအောက်က မေးရိုးဖြူဖြူလေးအားငေးကြည့်မိသည်။မေးမှတဆင့်  လည်ပင်းကြည်စင်စင်မှာ နီမြန်းလျက်ရှိသည်။

ရွှဲ့မင်;ကိုက်ရာတွေက ဘယ်သူမှမမြင်ရင်တောင် ငါကိုယ်တော်မြင်ရတယ် ဟားဟား။

အနီသွေးရောင်သန်းသည့်နတ်ဘုရား၊ကိုယ်ငွေ့နွေးနေသည့်နတ်ဘုရားဟူ၍ ရွှဲ့မင် သတိမထားမိခဲ့ပါချေ။

ရှီးဟုန်နားကပ်လာသောမြင်းဟီသံကြောင့် ရှီးဟုန်မြင်းသည် လန့်ဖြန့်လျက်ပြေးလေသည်။ရှေ့ဆုံးရှိသံချပ်ကာတပ်သားတို့နားထိရောက်သွားကာမှရပ်လေသည်။ထပ်ကြပ်မကွာပါလာသော နီညိုရောင်မြင်းခေါင်းသည် သံမဏိရောင်ပြောင်လက်သော ခေါင်းစွပ်ပါလေ၏။စစ်သူကြီး ကျိုးစစ်မြင်းပေ။သခင်နှင့်တူလှသော ခြေမြန်လက်မြန်မြင်းကြောင့် ရှီးဟုန်မြင်းထီးလေးလန့်သွားရခြင်းပေ။

"ရှီးဟုန် ...ဟုန်လေး...." မြင်းချင်းယှဉ်လျက်သား အနားနားကပ် ခေါ်သံကြောင့် ရှီးဟုန် အသာငဲ့ကြည့်မိသည်။အကြည့်တို့သည် အသက်မဲ့တည်ငြိမ်သည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now