24

184 22 17
                                    

မီးအလျှံတို့လင်းတက်လာသောနေရာမှ ကောင်းကင်အမှောင်ထိပ်အထိ နီညိုမှိုင်းသော အရောင်တို့တလူလူတက်ကုန်သည်။စူးဝါးပြီးပလုံးပထွေးအသံများကလည်းမြေကြီးထဲမှ လှိုက်တက်လာသည်။မီး​တောင်ချော်ရည်များကဲ့သို့ ဆူနာမီလှိုင်းလုံးများသဖွယ်နီးကပ်လာသည်။မီးလျှံများကြားထဲ၌ ဂျိုအတက်အလက်များနှင့် အသားရည်နီရဲလောင်နေသော ငရဲသားများအော်ဟစ်ဆူညံလာကြသည်။

"အရှင် ငရဲသားတွေလွတ်လာတာလား။ဘာကြောင့်လဲ" ရှီးဟုန်အသံမှာတည်ငြိမ်သော်လည်း အလျင်လိုလွန်းသည်။ရှီးမိန်အဖြေမပေးနိုင်ဘဲ မျက်စိစုံမှိတ်လျက် ရေခဲမြှားနှင့်ရေခဲထုတို့ကိုသာ မိမိတို့အားလုံးနှင့် မီးငရဲသားများကြား တံတိုင်းထူကြီးခြားစေသည်။မိမိတို့ငရဲမီးအင်အားနှင့်အရည်ပျော်အောင်တစ်နည်း၊ကြမ်းတမ်းသောခန္ဓာကိုယ်အတွင်းအားတို့ဖြင့် ရေခဲတံတိုင်းအားတိုက်ခိုက်ဖြိုခွင်းရန်ကြိုးပမ်းနေကြသည်။ရေခဲတံတိုင်းသည် အဖြူရောင်ကဲ့သို့မရှိ။လုံးဝမွန်းတည့်နေရောင်လွှမ်းခံနေရသည်။

ရှီးမိန်တစ်ကိုယ်တည်း ရေခဲနတ်ဘုရားအသွင်ကိုအပြည့်ဆောင်လျက် လင်းဖြူကြည်တောက်သော နှင်းပွင့်တို့ကိုဖန်ဆင်း၍ ရေခဲထုများဖြစ်စေလေသည်။ဆံနွယ်နက်နက်တို့၌ နှင်းပွင့်များကပ်နေသလို ကြည်ပြာရောင်မျက်ဝန်းက တလက်လက်တောက်လောင်နေသည်။

"ရှီးဟုန် ဂူဝမှာကာကွယ်ထား" မာန်ပါပြတ်သားသည့်အသံကြောင့်ရှီးဟုန် မငြင်းရဲပေ။စွမ်းအားမပြည့်သေးသောမိမိအရှင်အနားမှခွာ၍ ဂူထဲမှ လူတို့အား ကူညီရမည်လား။မိမိတို့သည်ငြိမ်းချမ်းရေးတာဝန်ကို ရည်ရွယ်ချက်ရှိရှိပျက်ကွက်ခဲ့သည်။သို့သော် သမိုင်းပေးတာဝန်သည် ကတိစာချုပ်ပျက်သည့်တိုင်အောင် ရှောင်လွှဲမရမှန်း သိလိုက်ရလေပြီ။ကျိန်စာဟူသည် သစ္စာ၏လက်နက်တည်း။

ရှီးမိန်မြင်နေရသည်က ထိပ်ဆုံးမှခန္ဓာကိုယ်ကြီးမားကျယ်ပြန့်လှသော ငရဲသားကိုပင်။

မီးကိုရေနှင့်ငြိမ်းနိုင်ရန် ရေခဲခြောက်မြှားများကို ငရဲသားတို့အား ပစ်ခွင်းရလေသည်။
"ကျိုးစစ် အားလုံးကိုဂူထဲပေးနေလိုက်တော့ ဒီမှာကိုယ်တော်နဲ့ရှီးဟုန်ပဲရှိမယ်"

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now