9

666 104 22
                                    

လောကကြီးအလယ်ကျန်ရစ်ခဲ့သူထက် လောကကြီးမှစွန့်ခွာသွားသူတို့က ပိုခံစားရလေ့ရှိသလား။ခွဲခွာဖူးသူတို့သိလိမ့်မည်ထင်သည်။

ရွှဲ့နန်းတော်ဝင်းတစ်နေရာ ရေခဲနတ်နန်းတွင် အမိန့်မဆိုသာသော အကြပ်ကိုင်မှု လုပ်နေသူကား ပျော်ရွှင်ကျေနပ်နေသယောင်ပင်။မိမိအကြံစည်အောင်မြင်မည်ဟု အပိုင်ယုံကြည်ချက်မြင့်နေသူ အိမ်ရှေ့စံသည် ကြာပန်းပွေ့ထားသူနတ်ဘုရားကို ဆွလိုသော ရည်ရွယ်ချက်အပြည့်ရှိနေလေသည်။

ရှီးမိန်:ကိုယ်တော်ဒီ မင်္ဂလာပွဲကိုတားမြစ်တယ်။မင်းသား ယခုချိန်လက်ထပ်ရင် ကပ်ဆိုးထပ်ကျလိမ့်မယ်။ကိုယ်တော် ကောင်းကင်ဘုံကိုပြန်ပြီးနောက်အချိန်ခဏစောင့်ပါ။အေးစက်သောစကားသံသည် ကျောက်စက်ရေနှယ် အေးမြသည်။

မိမိအကွက်ထဲဝင်လာသူရေခဲနတ်မင်းအား စိတ်ထဲမှကြိတ်ရယ်မိသည်။မိမိကိုယ်ကိုယ်လည်း ကျေနပ်မိသည်။

ရွှဲ့မင်;ပြန်ပြီးခဏစောင့်ရဦးမယ်လား ရှီးနတ်မင်း။ဘာလို့များလဲဟက်။အတော်လေးသိချင်နေမိပြီ။

ရွှဲ့မင်:ပြန်မယ်ပဲ ပြောမှာ ကိုယ်တော်သိတာပေါ့။ဒါပေမဲ့လေ ရှီးမိန်နတ်မင်းပြန်ပြန် မပြန်ပြန် ကိုယ်တော် မင်္ဂလာပွဲလုပ်ဖို့ဆုံးဖြတ်ထားတယ်။နေပေးပြီး ကိုယ်တော်တို့လိုနတ်အစွမ်းမရှိတဲ့ လူတွေကို စောင့်ရှောက်ပေးမယ်ဆိုရင်တော့ အတိုင်းမသိဝမ်းမြောက်မိမယ်။ယပ်တောင်တဖြတ်ဖြတ်နှင့်ခပ်နေသူ တော်ဝင်မင်းသားမှာ ရှီးမိန်နှင့်ဘေးချင်းယှဉ်ရပ်ကာ မျက်နှာချင်းဆိုင်သဏ္ဍာန် ရှိနေလေ၏။ရှီးမိန်၏ပြစ်မျိုးကင်းပထင်လင်းဖြူစင်သော အလှကိုဘေးတိုက်ရှုနေသည်လား၊အကဲခတ်နေသည်လား တပည့်၂ယောက်သိချင်နေပုံရသည်။သို့သော်လက်တွေ့ရွှဲ့မင်အကြည့်တို့ကားတင်းမာနေပေသည်။

ရင်ခွင်ထဲပွေ့ထားသောကြာများကို ယခုထိမချသေးပေ။ကြည့်လိုက်သည်နှင့် ကြာပန်းဖြူနှင့်နှင်းပွင့်လွှာအဆင်းရှီးမိန်နတ်ဘုရားသည် အလှတရားတို့ပေါင်းစပ်ကာပနံရနေလေသည်။မျက်နှာတော်မှာ ခပ်အေးစက်စက်နိုင်သလို ရွှဲ့မင်ကြောင့်ပိုမို တင်းမာနေသည်။မိမိသွားလိုသည်ကို မတားသလိုနှင့် သွားမရအောင်မင်္ဂလာကိစ္စဖြင့်အကြပ်ကိုင်နေသူအား လူဆိုးလူမိုက်ဟု စိတ်ထဲသတ်မှတ်မိလေသည်။ယခုလည်း မိမိအားပုခုံးချင်းယှဉ်လျက် စောင်းကြည့်နေသည်။အရင်တည်းက အချိုးမပြေသည်ကို မိမိမသိခဲ့လေခြင်းလား။အဘယ်ကြောင့်ဆိုသော် မိမိပါရမီစွမ်းအားများမှအပ မိမိစက္ခုအစွမ်းမှာ ရွှဲ့မင်စက်ကွင်းနားရောက်လျှင် မှေးလျော့ပျောက်ကွယ်ရလေသည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Dove le storie prendono vita. Scoprilo ora