20

180 27 6
                                    

ရွှဲ့မင်:ကျိုးစစ် ဒီနေရာမှာ စခန်းချမယ်။

ပြည်ငယ်သို့ရောက်ရန်  မြေပုံထဲ၌ ကြက်ခြေခတ်များသာတွေ့နေရသည်။ရွှဲ့မင်ထိုစာအုပ်ထဲမှညှပ်ထားသော မြေပုံကိုယူလာခြင်းသာ။

ရွှဲ့မင်;အာ ငါ့မှာ ရှီးမိန် ပါလာတာပဲ။ဟက်။

တိမ်ကင်းစင်နေသောတောင်ထိပ်နေရာ၌ တဲအသီးသီးက လင်းထိန်နေကြသည်။အကြီးဆုံးနှင့်အလင်းဆုံးက ရှီးမိန်တဲပင်။နတ်ဘုရား၏ကိုယ်ရောင်ကိုယ်ဝါက ညအချိန်သီလတန်ခိုးဖြင့် လင်းနေသည်မှာ အားနည်းနေလည်း သာမန်လူတို့မကျော်နိုင်ရာ။ကြားထဲက ရွှဲ့မင်းကြီးယူလာသော ရေမွှေးဖယောင်းတိုင်လုံးကြီးကား
ထိန်ထိန်ညီးနေစေတော့သည်။

"ဘယ်လိုလဲ တွေ့ရလား။မြင်ရလား။ဖန်လုံးကသုံးမရဘူးလား။"
ရှီးမိန်ဘေးနားတွင် ညအိပ်ဝတ်စုံပိုးထည်အဖြူဝတ်လျက်သား ထိုင်နေသူ ရွှဲ့မင်းကြီး။မြေပုံကို နေ့ဘက်တွင်အဖြေမရှာဘဲ ညဘက်ရောက်မှ စွမ်းအားမကျင့်ရအောင် လာနှောင့်ယှက်နေခြင်းသာ။ညအိပ်ဝတ်ရုံကြီးနှင့် မအိပ်မနားနိုင်ဘဲ တမင်လာနှောင့်ယှက်ခြင်းသိသာလေစွ။

"ဒီဟာက ဆူးမြုပ်တောင်။ဒီနားက နှင်းခဲတောင်။ကျန်တဲ့ကြက်ခြေခတ်နေရာတွေက ငါတို့ရောက်နေတဲ့နေရာပဲ။" ကာလသုံးပါးကြည့်မှော်ဖန်လုံးကိုအသုံးပြုကာဖြေကြားနေသူရှီးနတ်ဘုရားကား မိမိနောက်မတ်တပ်ရပ်နေသူအနားကပ်လာမည်ကို စိုးထိတ်နေရသည်။ ခေါင်းနှင့်ဆီမွှေးနံ့သင်းသော ဆံထုံးက ရှီးမိန်၏ ဖြူကြည်သော ပါးပြင်နားရောက်လုမတတ်။ရှီးမိန်မှာ ထိုင်လျက်သားပင်  ဖန်လုံးကို လက်ဖဝါးဖြူဖြူမှပကတိထွက်စေသော သီလဖြူကြိုးနှင့်သွယ်တန်းကြည့်ပေးလေသည်။

ရှီးမိန်;ကြည့်လည်းမြင်ရမှာမဟုတ်ပဲနဲ့။
အနောက်ဘက်ကနေ အုံ့မိုးကြည့်နေသူအား မိမိထိုသူရှိလျှင် အာရုံအစွမ်းအားနည်းကြောင်း မသိစေချင်ပေ။ထို့ကြောင့် မိမိပါးပြင်ကို ထိုဆံပင်မိတ်မဆက်ခင် ရှောင်လိုက်ပြီး ဖန်လုံးကိုလက်ဖဝါးထဲပြန်ဖျောက်သိမ်းလိုက်သည်။

ရွှဲ့မင်:ဘာလဲ ရှီးမိန်။ငါ့ကိုပေးမကြည့်ချင်ဘူးလား။မင်းဘာဖုံးကွယ်ချင်နေပြန်တာလဲ။ငါကလူသားတစ်ယောက်မို့ လေ့လာစူးစမ်းချင်ရုံပါ။မကြည့်နဲ့ဆိုလည်း ပြန်မယ်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now