1

4.5K 208 35
                                    

ရွှဲ့မင်​အိမ်​​ရှေ့စံ ဖြတ်​သန်းလာခဲ့​သောဘုံအဆင့်​ဆင့်​သည်​ ကြီးကျယ်​ပြိုးပြက်​၍ တခမ်းတနား နိုင်​လှသည်​။သာမန်လူတို့မတွေးဝံ့သော ဘုံအဆင့်ဆင့်သည်ကား ရတနာကျောက်များကဲ့သို့ တစ်ဆောင်ချင်းလင်းလက်တောက်ပနေကြသည်။အချွန်အတက်ခေါင်းမိုးများသည် နဂါးဦးခေါင်းသဏ္ဍာန်ရှိနေကြပြီး အစောင့်အခြံအရံတို့မှာလည်း ရုပ်ရည်အတူတူနီးပါး လှပပြည့်စုံလွန်းသည်။သို့သော် နတ်မင်းတို့၏အဆောင်များသည် တစ်ဆောင်နှင့်တစ်ဆောင် အရွယ်အစားကြီးမားမှုမှာတော့ ဘုံအဆင့်ကိုလိုက်၍ကွာခြားကြပေသည်။ဆောက်လုပ်ထားသော ကျောက်အရောင်ချင်းလည်းကွာခြားသလို နတ်မင်း၏ရာထူးတန်ခိုးနှင့်စိတ်နေသဘောထားကိုလိုက်၍ ကွာခြားသည်။

နတ်မင်းတို့၏ရုပ်ရည်ဆင်းမှာတော့ ပြီးပြည့်စုံခြင်းနှင့်ကိုက်ညီသော်ငြား တစ်ဦးနှင့်တစ်ဦး တူညီကြခြင်းမရှိပေ။နတ်​ဘုံသည်​​နေ​ရောင်​မလိုပဲ အလိုအ​လျောက်​ လ​ရောင်​​ငွေ​ရောင်​ကဲ့သို့ လင်းထိန်​​နေ​ပေသည်​။

ရွှဲ့မင်:မဟုတ်မှလွဲရော ရှီးမိန်​နတ်ဘုရားက ဘုံကိုးဆင့်မြောက်မှာနေတာလား။

အိမ်ရှေ့စံသည် လူ့ပြည်၌ အရိုက်အရာဆက်ခံရန်နှင့် လက်ဆတ်တောင်းရမ်းရန် တစ်ဖက်တိုင်းပြည်ထံမှကမ်းလှမ်းခံရပြီဖြစ်သည်။သို့ရာတွင် ရွှဲ့တိုင်းပြည်၌ နှစ်တစ်ထောင်မှ တစ်ခါပေါ်ခဲသော မိစ္ဆာအနွယ်ဝင် တစ်ကောင်ကြောင့်နတ်ပြည်တက်ကာ ငြိမ်းချမ်းရေးနတ်ဘုရား ရှီးမိန်​ထံအကူညီလာတောင်းရခြင်းပေ။လူ့ပြည်မှ လူသားတို့မတတ်နိုင်သော ထိုသဘာဝလွန်ကိစ္စရပ်တို့အား ရေခဲနတ်ဘုရား ခေါ် ငြိမ်းချမ်းရေးနတ်ဘုရား ရှီးမိန်​ထံအကူညီတောင်းခံနိုင်သည်။သက်ဆိုင်ရာနတ်ဘုရားတို့ကလည်း ကူညီနိုင်ပေသည်။

လူစင်စစ် နတ်ပြည်တက်နိုင်ရန်မှာ အလွန်လွယ်ကူပေသည်။နတ်တို့သည်သာ လူ့ပြည်ဆင်းရန် ခွင့်ပြုမိန့်အဆင့်ဆင့်နှင့် ခက်ခဲကြသည်ချည်းသာ။နတ်ဘုံသို့ အကြောင်းမဲ့အလည်သွား၍ မရပေ။တိုင်းပြည်ဘုရင်မင်းမြတ်၏ နတ်ပြည်နှင့်လူ့ပြည်ကို ဆက်သွယ်ထားလေသော မဟူရာ ဖန်အမြူတေမှဆက်သွယ်ကြခြင်းပေ။တိုင်းပြည်၌ ထိုအမှုကိစ္စဆိုးဆိုးရွားရွားပေါ်လျှင်နတ်ပြည်ရှိနတ်မင်းတို့ပိုင်သောဖန်လုံး၌ပေါ်သလို အခြားကြောင်းခြင်းရာများကိုလည်း လှမ်းရှုနိုင်သေးသည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now