6

762 100 2
                                    

"အရှင့်သား နတ်သူငယ်ရှီးဟုန် သူ"

ရွှဲ့မင်:ဘာလဲ။ရွှဲ့မင် စာအုပ်ဖတ်နေရင်း လည်ပြန်ကြည့်လာသည်။

ကျိုးစစ်:သူက အားလုံးပုံမှန်အခြေနေပြန်ရောက်အောင်လုပ်ပေးမယ်တဲ့။ဟို သတ္တဝါကြီးကို ရှင်းတာ သူ သူ မပါဝင်တော့ဘူးတဲ့။

မထင်မှတ်သောအကြောင်းအရာကြောင့် စာအုပ်ကိုပိတ်ချရင်း ကျိုးစစ်ရှေ့ရပ်လိုက်သည်။လျှောက်တင်ရန်ခက်နေသော ကျိုးစစ်သည် မိမိမလိုလားသောအဖြေအား မပြောဝံ့ခဲ့မှန်းသဘောပေါက်မိသည်။

ရွှဲ့မင် ဘယ်လက်အား နောက်ပစ်ရင်း "မပါဝင်ဘူး?ရတယ်လေ။မကြာခင် ငါတို့ ရှီးမိန်နတ်မင်းဆီသွားကြမှာပဲ။အဲ့ခါကျ ပြောပြလိုက်မယ်။"ရွှဲ့မင်စိတ်တွင်း၌မတင်မကျသောခံစားမှုတို့ရှိနှင့်သည်။ဆရာတပည့်​နှစ်​​ယောက်​အား နားမလည်​နိုင်​ခြင်းများစွာဖြင့်​ ရပ်​လျက်​​နေ​လေ၏။

ရှီးဟုန်သည် လက်ဝဲလက်ယာရစ်သော ဂါထာစည်းမျဉ်းတစ်ခုကို တန်​ခိုးဖြင့်​တားလိုက်သည်။အဝါ​ရောင်​​တောက်​ပ​သောစည်းဝိုင်းထဲ၌ အရွယ်တူ မြေအိုးပုပုလေးများအားချထားသည်။အထဲ၌ ထိုတောနက်ထဲကပါလာသောမြေကြီးတို့ရှိလေသည်။ဂါထာတို့ကိုတင်​ပလ္လင်​​ခွေထိုင်​လျက်​အနည်းငယ်​ရွတ်​သည်​။လက်ညိုးထိပ်မှမြေအိုးများသို့ ကျဆင်းလာသောအရည်ကြည်တို့သည် အပြာရောင်လွင်လွင်သန်းနေသည်။

"နတ်တွေရဲ့သွေးကအဲ့လိုလား။ဝါး အခုမှမြင်ဖူးတယ်"ကျိုးစစ် အနီးကပ်ကြည့်ရင်း မျက်လုံးများလဲ့နေသည်။လူသားအမြင်၌လှသည်ဟုထင်ရသောထိုအပြာနုရောင်အရည်ကြည်တို့သည် သွေးဟုခေါ်နိုင်သော်လည်း ကျင့်ကြံအားကိုလိုက်၍ အာနုဘော်အစွမ်းကွာကြသည်။ကျိုးစစ်သည် အရွယ်ကသာထွားပြီး ရှီးဟုန်နားရောက်လျှင် ရွယ်တူလိုလိုပုံစံကထွက်လာသည်။ရှီးဟုန်သည် မျက်လွှာချထားရင်း ကျိုးစစ်အား တစ်ချက်စွေကြည့်သည်။ထို့နောက်ဂါထာပြန်ရွတ်သည်။

ထိုသို့ နတ်​​သွေးနှင့်​စီရင်​ပြီး​သော ​မြေအိုးမှ ​မြေကြီးတို့ကို ကူးစက်​ခံမြို့၏စည်းဝိုင်းအဖြစ်​ထားပြီး ​နောက်​ဆုံးတစ်​အိုးကို ထို​တောအုပ်​​နေရာအဝင်​တွင်​ ရိုက်​ခွဲလိုက်​​စေသည်​။ဤလူသားတို့နှင့်​မိစ္ဆာကြား ​ရေခဲနတ်​ဘုံကြားခံဝင်လိုက်​ခြင်းမည်​၏။နေ့ဘက်​​မေ့​မျောနေတတ်သောလူတို့သည်​ ညဘက်​တွင်​ထို​တောအုပ်​အမည်​မသိ​နေရာဆီသို့ ခစားရန်​မလိုကြ​တော့ပေ။ရေခဲနတ်ဘုံအရှင်သခင်၊နတ်မင်းထဲအငယ်ဆုံးဖြစ်သည့် ဘုန်းတန်ခိုးကျက်သရေအကြီးဆုံး ရှီးမိန်သည် တပည့်သွေးဖြင့်စတေးခံ တာဝန်ယူလိုက်ပြီဖြစ်သည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now