Part35(Unicode)

101 13 6
                                    

ဂူထဲ၌
ရှီးဟုန်:နတ်မင်း မနက်ဖြန်ခရီးက နောက်ဆုံးမြေပုံလမ်းပဲ။ဒါပြီးရင် စာအုပ်ကိုပြန်ထားမှာလား။

ရှီးမိန်:ရှီးဟုန် စာအုပ်ကထာဝရ ငါနဲ့ပဲရှိနေတော့မယ်။

နတ်မင်းစကားကြောင့် ရှီးဟုန် တွေဝေတုန့်ဆိုင်းလျက်ရှိသည်။သူတို့နှစ်ဦးသားသည် လူတစ်ပိုင်းနတ်တစ်ပိုင်းနှင့် နေနတ်ဘုရား၊မိုးနတ်ဘုရားတို့ ဝေဖန်ကဲ့ရဲ့ကြမည်လား။သူတို့မကြာခင် ပြန်ရတော့မည်။

ဟာ သွားသော နှလုံးသားထဲမှ ပူနွေးသောရေစီးချောင်းငယ်ကို ခမ်းခြောက်မှာ ရှီးဟုန်ကြောက်တတ်လာသည်။အမြဲစနောက်ပြီး ဖြူစင်လှသောအနှီးစစ်သူကြီးထံမှ ထူးထူးဆန်းဆန်းအပြုမူတို့မမြင်ရတော့လျှင် ရှီးဟုန်အရင်လို ခက်ထန်အေးစက်သောနတ်သားဖြစ်ဖို့မသေချာတော့ပေ။ထိုသူနှင့်နီးကပ်သွားတိုင်း ခဲနေသောရေခဲထုထဲမှ နှလုံးသားငယ်သည် နွေးထွေးလှပါသည်။ထိုခံစားချက်ကို ရှီးဟုန်မစွန့်လွှတ်နိုင်မှာ စိုးရွံလာလေသည်။

'နတ်မင်းကရော ကျွန်တော့်လိုမခံစားမိဘူးလား။အကြင်လင်မယားတောင်မြှောက်ခဲ့ပြီးမှ အာ တော်ပြီ အတိတ်ကို ပြန်မတွေးဘူး'

ခရီးဆက်လာရာလမ်းတစ်လျှောက် သဲကန္တာရသဖွယ်ဖြစ်တည်နေသည်။မိဖုရားကို ဝေါယာဥ်၌လှဲလျောင်းအိပ်စက်နေစေပြီး ရွှဲ့မင်းကြီးက မြင်းတပ်ကိုဦးဆောင်လာသည်။ရွှဲ့မင်​မြင်း နောက်မှ ရှီးမိန်​မြင်းလိုက်ပါလျက် ရှေ့သွားနောက်လိုက်ညီနေသည်။

ရှီးမိန်: ရှေ့နားဆို ရောက်ပြီ။တိမ်ထဲထိမပျံနိုင်တဲ့သူတွေနေခဲ့ပါ။ကိုယ်တော် အရင်သွားမယ်။ရှီးဟုန်က မိဖုရားနဲ့တပ်ကိုကာကွယ်ဖို့စောင့်ကျန်ခဲ့လိုက်။

မြင်းပေါ်ကနေဆင်းပြီး စတင်ရွေ့လျားတော့မည့် ပိုးပုဝါဖြူစနောက် ရွှဲ့မင်ထပ်ကြပ်မကွာရပ်လိုက်သည်။ရှီးမိန်က ထိုသူအား အတုယောင်အေးစက်စက်အကြည့်တစ်ခုတုန့်ပြန်လိုက်သည်။
"ငါက တိမ်ထဲလည်းလျှောက်သွားနိုင်တယ်လေ။ဘာလဲ လိုက်လို့မရဘူးလား။

"ကိုယ့်အန္တရာယ်သာ ကိုယ်ကြည့်လိုက်ခဲ့"

ရွှဲ့မင် ကျိုးစစ်အားနေခဲ့ရန်လက်ပြလိုက်သည်။စစ်တပ်အား စောင့်ရှောက်ရန်ကျန်နေစေခဲ့သည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now