Part28

107 11 0
                                    

Zawgyi
ဘုံကျောင်းမှခရီးဆက်ခဲ့ကြရာ ပန်းခင်းရောင်စုံများစွာကိုတောင်စောင်းတစ်လျှေါက်ကနေမမြင်နိုင်သောအောက်ခြေအနက်အထိတွေ့ရသည်။အလွန်တရာပင်လှပ၍ မိဖုရားကြီး၏ဝေါယာဉ်သည်ရှေ့သို့ဆက်မသွားဘဲရပ်တန့်နေလေသည်။နောက်ဘက်မှရှီးနတ်ဘုရားကပင်ရှေ့တည့်တည့်ကိုကြည့်နေရာမှပတ်ဝန်းကျင်ကိုအကဲခတ်မိတော့သည်။

"ဘာလို့မသွားကြတော့တာလဲ"

"အရှင် အပျိုတော်တွေ ပန်းဆင်းခူးနေကြတယ်  အရှင်ရောဆင်းကြည့်မလား ကျွန်တော်မျိုးခူးပေးရမလား"

"မလိုဘူး။ရှီးဟုန် ငါတို့နတ်တွေက ပန်းခူးပြီးဘာမှလုပ်မရဘူးလေ။ပန်းကြိုက်ရအောင် မိန်းမတွေမှမဟုတ်တာ"

"ဒါပေမယ့် ရွှဲ့မင်းကြီးကြာပန်းကျတော့ စားသုံးပြီးကျန်တာတောင် တစ်လမ်းလုံးလက်ညောင်းခံပွေ့ပိုက်လာတယ်လေ။အရှင်ပန်းကြိုက်တယ်လို့ကျွန်တော်ထင်သွားတာ" မျက်နှာတည်နှင့် ရိုးသားစွာဖွင့်ဟနေသည်။

"အဲ့တာက ဆေးဖက်ဝင်လို့လမ်းမှာ စားရအောင်သယ်လာတာ။ရှီးဟုန် စကားသိပ်များလာတယ်။ကျိုးစစ်ကိုအတုမယူနဲ့။သူကဉာဏ်ရည်မမီဘူး"

တစ်ချက်မှတိတ်ဆိတ်သွားပြီး ရှီးမိန်လေသံသည် သစ်ရွက်ခြောက်များပွတ်တိုက်သလောက်သာထွက်လာသည်။

ရှီးမိန်:ရှီးဟုန် ငါတို့...
"ရှီးဟုန်နားလည်ပါတယ်အရှင်။သံယောစဉ်မတွယ်ရဘူး။အမြဲခံစားချက်မဲ့နေရမယ်"
"မဟုတ်ဘူး ရှီးဟုန် ငါတို့နှစ်ယောက်လုံး....... နောက်.ကျ. သွားပြီ"

မိမိအရှင်နတ်မင်းပြောလိုသောစကားကိုသဘောပေါက်လိုက်ပါပြီ။သို့သော်ပြန်လမ်းမရှိပေ။တစတစ လူသားခံစားချက်ကို ကိုယ်ချင်းစာမိလာသည့် နတ်တစ်ပါးသည် နတ်နှင့်မတူတော့ပေ။ရှီးဟုန်သည် မိမိကိုယ်ကို ကျိုးစစ်၏ ချွဲ့နွဲ့မှု အထိတွေ့များကြား ပေါ့ပျက်ပျက်ဟာသများကြား မနည်းပြန်ကယ်နေရသည်ဟု သိရှိလာသည်။မိမိထက်အခြေနေဆိုးသော ရှီးမိန်အရှင်သခင်အကြောင်းတော့ မရိပ်မိခဲ့ပါချေ။

ရှီးမိန်ကား အငြိုးတေးကြီးသော အားပျော့သည့်လူသားမင်းကြီးကြောင့် မျက်ရည်ကျဖူးလေပြီ။နတ်ဘုရားဂုဏ်ကို ဘေးဖယ်ကာ နိမ့်ပါးလှသောစိတ်ထားရှိသည့်မိဖုရားနှင့်အပြိုင် မင်းကြီးကိုမြူဆွယ်အရွဲ့တိုက်ဖူးသည်။အကြိမ်ကြိမ်ဖျက်ဆီးရယူခံရလည်း ပြန်ပင်မတိုက်ခိုက်နိုင်သလို အလျှော့ပေးခြင်းဖြင့်အဆုံးသတ်ရသည်သာ....

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now