Part37(Unicode)

123 14 13
                                    

နတ်ဘုရားနှင့် တခြားနတ်များပါ အထက်ဘုံကနေ ကြားသိမြင်တွေ့သွားကြသည်။ထို့ကြောင့် လူပျိုပင်မဖြစ်သေးသော ရွှဲ့မင်နှင့် နတ်ဘုရားငယ် ရှီးမိန်အား လက်ဆက်ဖို့လုပ်ရတော့သည်။ထိုနေ့သည် လူ့ပြည်နှင့်အထက်ဘုံဆက်သွယ်ထားသော ဘုံကျောင်းတံခါးမှ အတားဆီးပါးနေသောကာလဖြစ်နေခဲ့သည်။ထို့ကြောင့် အထက်နှင့်အောက်ဘုံ ဆက်သွယ်နီးစပ်ပြီး သားတော်ချင်းပေးစားရန် ဆုံးဖြတ်လိုက်ရသည်။

ထိုနေ့က ထွက်ပြေးသွားသော ၇နှစ်အရွယ်မင်းသမီးလေးကို မည်သူမျှ သတိမပြုမိကြဘဲ မင်္ဂလာအသစ်ကိုသာကြိုဆိုနေခဲ့ကြသည်။

မင်းသမီး: ရှင်ဘယ်သူလဲ
"ငါလား လီဖေးဖေးလေ ခုနက ငါ့ကိုလွှတ်ပေးလိုက်တာ နင်လား"

'သူက ရွှဲ့မင် လွှတ်ပေးလိုက်တဲ့ အုတ်ဂူထဲက မိစ္ဆာပေါ့'

"နင်အခု လီမိဖုရား မဖြစ်တော့လို့ မကျေမနပ်ဖြစ်နေတယ်မလား။လာ ငါပြောပြမယ်"

ထိုသို့မိစ္ဆာအား မိမိကိုယ်ထဲပေးဝင်ခဲ့ပြီးနောက် မင်းသမီးအစစ်မှန်ပျောက်ကွယ်သွားခဲ့တော့သည်။

အထက်ဘုံအစည်းဝေး၌
နေနတ်မင်း " ရေခဲနတ်မင်း ရိုးရာအစဥ်အလာအရဆို လူနဲ့လက်ထပ်လို့မရပေမယ့် ခုလိုမျိုး သုံးလောကမှာအရှက်ကွဲကုန်ပြီ။အောက်ဘုံကလည်း ပြက်ရယ်ပြုစရာဖြစ်ကုန်တယ်။ပြီးတော့ အောက်ဘုံးက မိစ္ဆာနှစ်ယောက်ကို ဟိုအပေအတေအရှင့်သားက လွှတ်ပေးလိုက်သေးတယ်။အောက်ဘုံကို အစဥ်အဆက် ကျုပ်တို့အုပ်ထိန်းလာခဲ့တာ။ဘယ်လိုမျက်နှာပြရမလဲ။တစ်ခုခုကြံစမ်းပါ။"

ရေခဲနတ်ဘုရား "မိစ္ဆာကိုဖမ်းရင်ရော။ဖမ်းပြီး အောက်ဘုံကိုပြန်အပ်ကြမယ်လေ"
လနတ်မင်း "ကိုယ်တော်တို့မတွေးမိဘူးထင်လို့လား။မမီတော့ဘူး။မိစ္ဆာက ခန္ဓာအစားရပြီးလူလိုရှင်သန်နေပြီ။လက်ခံ ခန္ဓာကိုရှာဖို့ကလည်း လက်ခံသူကိုယ်တိုင်ကပေးလိုက်ရင် မရတော့ဘူးလေ။အသက်ရှင်နေတဲ့လူကိုသတ်တယ်ဆိုပြီး အထက်ဘုံကိုလူတွေအပြစ်တင်ဦးမယ်"

"တစ်နည်းပဲရှိတယ်"
သေမင်း "ငါတို့လူလွတ်သွားတာရေခဲနတ်မင်းရဲ့သားမက်တော်ကြောင့်ပဲ။ရေခဲနတ်မင်းသာ အောက်ဘုံသားလာလုပ်ရင် ငါတို့ဘုံသားလွတ်သွားတာအပြစ်မယူတော့ဘူး"

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Donde viven las historias. Descúbrelo ahora