7

708 107 6
                                    

ရှီးဟုန်:အရှင်? မင်းကြီးကဘယ်လိုလုပ်ပြီး အသတ်ခံလိုက်ရတာလဲ။အမှန်ဆို သတ္တဝါကြီး တခုခုလုပ်ရင် ...အရှင်ကအရင်ခံစားရမှာလေ။

ရှီးမိန်သည် လဲလျောင်းရာကုတင်မှ အသာယာထလိုက်သည်။ ပြေလျော့နေသော ဆံနွယ်ပျော့ပျော့တို့ ကုတင်ဘေး၌ မှောက်ပြားနေသည့် နှင်းပွင့်ဖဲကြိုးရှည်၏အလိုအလျောက်ချည်နှောင်ခံလိုက်ရသည်။အဖြူရောင်နှင်းပွင့်ဖဲကြိးုမှာ ပိတုန်းရောင်ဆံနွယ်ပျော့တို့ကို လှပစွာစုစည်းထားပေသည်။အောက်တစ်ဝက်က ဆံပင်များမှာဖြန့်ချထားလျက်ကျန်သေးသည်။

"မင်းသားရဲ့ခမည်းတော် ကိုယ်တော်မသိတာတခုခုလုပ်လိုက်တယ်။အဲ့တာကြောင့် သတ္တဝါကြီးဆီက တုန့်ပြန်မှုအာရုံမရတာ"

"နတ်မင်း အရှင့်သား လာရောက်တွေ့ဆုံပါတယ်။"

"အင်း ဝင်ခဲ့"

ရွှဲ့မင်ဝင်လာသောအခါ လူ့ပြည်နေ့အလင်းရောင်သဘာဝတရားနှင့် အားပြိုင်နေလေသော ရှီးမိန်ပုံရိပ်သည် အအေးထုပါးပါးကို ထုတ်လွှတ်နေလေသည်။ဤသည်မှာ ရှီးမိန်လုပ်ယူစရာမလိုသော သိက္ခာတန်ခိုးပင်။ အသားအရည်ရုပ်ဆင်း သည် ဤလူ့ဘုံဝယ်မရှိနိုင်သောသက်ရှိအလှနတ်ဘုရားဖြစ်သည်နှင့်အညီ ရေခဲနတ်နန်းထဲသို့ ရည်ရွယ်ခြင်းမရှိ ဖြူလင်းနေစေသည်။ ဤသို့အလှတရားရှင်ဖြစ်သည့် ရှီးမိန်မှာရွှဲ့မင်မျက်ဝန်းထဲ ထည်ဝါဖြူဝင်းနေသော်ငြား အတွေးထဲ၌ အရေးကြီးနက်နဲသောအရာများပိုပိုသာသာရှိနှင့်သည်ကြောင့် မည်သို့မျှမခံစားရပေ။

ရွှဲ့မင်မှာ ရွှေရောင်ဝတ်ရုံအနားစကို ဖယ်ထုတ်ရင်း ရှီးမိန်ရှေ့ဝင်ထိုင်လိုက်သည်။ရှီးမိန်ကား နတ်နန်းပလ္လင်ငယ်တွင် မင်ထန်တို့ဆရာတပည့်အားကြည့်နေသည်။အထူးသဖြင့် နတ်ပြည်နှင့်သဘောတူစာချုပ်ကိုဖောက်ဖျက်ခဲ့သော မိမိသွေးအားနတ်ကိုတိုက်ခဲ့သည့် အိမ်ရှေ့စံရွှဲ့မင်ထံ သို့ပင်။မျက်လုံးပြာတို့က တောက်လောင်နေသယောင်ပင်။ရွှဲ့မင်မှာ ရှိန်လန့်ခြင်းမဲ့စွာ နတ်မင်းကို ခေါင်းစခြေဆုံးပြန်ကြည့်နေလေသည်။

ရှီးမိန်:ကိုယ်တော် တောအစပ်နားသွားစစ်မယ်။အရှင့်သားခမည်းတော်သေတာကိုဖော်ထုတ်ပေးမယ်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now