21(RatedM)Not for under 18

344 36 4
                                    

ရုတ်တရက်မှိတ်သွားသော ရေမွှေးဖယောင်းတိုင်ကြောင့် ရှီးမိန်တရားထိုင်ရင်းကြည့်မိသည်။ကျန်ခဲ့သောရေမွှေးဖယောင်းတိုင်ကို လာယူခြင်းမဟုတ်တန်ရာ။ဤမင်းကြီး ဘာလာနှောင့်ယှက် ချင်ပြန်သနည်း။မကျင့်ကြံရတာ ကြာလှပြီဖြစ်၍ မိမိကို အာရုံမထားတုန်း အစွမ်းပြန်တိုးအောင် လပြည့်ည၌ ကျင့်ကြံနေရခြင်းပေ။

"ဖယောင်းတိုင်က လိုလို့လား ရှီးမိန်ရယ်။"တစ်လှမ်းချင်းတိုးလာနေသော ခြေလှမ်းများကို ရှီးမိန်၏အပြာရောင်မျက်ဝန်းလဲ့လဲ့တို့ထဲ ထင်ထင်ရှားရှားမြင်နိုင်သည်။

ရွှဲ့မင်;ငါ့သွေးတွေ သူ့ကိုယ်ထဲရောက်တာတောင် ရေခဲအစွမ်းကမလျော့ဘူး။မျက်ဝန်းပြာတွေက အမှောင်ထဲ တုန်ယင်နေတာလား။ကိုယ်တော်ပဲ အမြင်မှားတာလား ရှီးမိန် ဟက်။

ရေခဲဖန်ရောင်လင်းထိန်ဖြာနေသော  ရေခဲနတ်ဘုရားကိုယ်သည် ကုတင်နောက်သို့ဆုတ်သွားသည်။ညအိပ်ခါနီးဖြစ်၍ နှင်းပွင့်ရုံလွှာတစ်ထပ်သာဝတ်ဆင်ထားသော နတ်ဘုရား၏ ပုလဲလို ဖန်လိုအသားရည်အား ဖောက်မြင်နေရသည်။မျက်ဝန်းပြာတို့သည် သာမန်အချိန်ထက် ဖျော့နေသလိုပင်။

ရွှဲ့မင်:ဘာသွေးမှ မတိုက်ရသေးဘဲ ကြောက်နေပြီလား။

ကောင်းကင်မှ မိုးနတ်မင်း၏သားတော်တစ်ပါးကို မထီမဲ့မြင်လုပ်ရဲသူမှာ နှစ်ယောက်မရှိသည့် ရွှဲ့မင်ဖြစ်သည်။

🛑🛑🛑Not for under 18
ကိုယ်ဖော့ပညာဖြင့် ခန္ဓာကိုယ်ကို ကြာနံ့သင်းသော ကုတင်ထက် ပျံသန်းလိုက်သော ရွှဲ့မင်းကြီးသည် သူ၏ဇာမဏီညအိပ်အဖြူပိုးထည်ကို တစ်ချက်တည်း ခွာပစ်လိုက်သည်။နံရံခေါင်းရင်းနားကပ်နေသောရှီးမိန်မှာ တံခါးဝသို့ပျံထွက်စဉ် လမ်းလည်ခေါင်မှာပင် ရွှဲ့မင်၏ကိုယ်က ပိတ်ဖမ်းချုပ်နှောင်လိုက်လေသည်။တောင်ပေါ်ရှိစစ်တဲအဖြူကြီးတွင်း၌ နတ်မင်းနှင့်လူမင်း  ပျံပြေးတမ်းကစားနေကြသလိုပင်။

လေထဲမှမဆင်းဘဲ ရှီးမိန်ကိုဖက်လျက်သား မျက်စိမှိတ်လျက်ငြိမ်နေသည့်ရွှဲ့မင်းကြီးကား တောင်ပေါ်လေပြည်တချို့တိုက်ခတ်လာသည်ကို သတိမပြုမိတော့ပေ။မိမိအလိုရှိသည်မှာ တောင်လေအေးမဟုတ်မှန်း ရှီးနတ်ဘုရား၏ဖယောင်းသွယ် အေးမြမြ ကိုယ်လေးကိုဖက်မှ သိလိုက်ရသည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now