Part 34(1/2)

117 16 3
                                    

Unicode

ရွှဲ့မင်နှင့်ကျိုးစစ်က ကပ်ရပ်တဲတစ်ခုစီ၌နေကြသည်။ဂူထဲ၌ရှီးမိန်တို့သာရှိသည်။

ဂူဝကိုပိတ်ထားသောတဲအကြီးကြီး၌
"အရှင် ကျွန်တော့်ကိုခေါ်တာအရေးတကြီး ဘာဆွေးနွေးဖို့လဲ"
"ကျိုးစစ် အရင်တစ်ခါက မင်းရောငါရောသိချင်တဲ့ကိစ္စကို ချဥ်းကပ်ကြစို့."ရွှဲ့မင်စကားမဆုံးခင်ပင်

"အရှင့်ကို တင်ပြစရာရှိတယ်။ကျွန်တော် အရှင်ပြောလို့ လျို့ဝှက်တားမြစ်စာအုပ်ခန်းကိုစစ်ခဲ့တယ်။ကျွန်တော်တို့နှစ်ယောက်အပြင်တည်နေရာသိတဲ့သူက နတ်ဘုရားပဲရှိမယ်။အဲ ပျောက်သွားတဲ့စာအုပ်ကလည်း ရှီးနတ်ဘုရားယူထားတာများလား"

"အင်း ဖြစ်နိုင်တယ်။စာအုပ်နေရာလစ်လပ်နေလို့သာသိတာ။ဘာစာအုပ်မှန်းမသိရဘူး။ငါတိူ့သိချင်တဲ့အဖြေက စာအုပ်ထဲရှိလောက်တယ်။"ကျိုးစစ်၏ပြောင်ချော်ချော်အတွေးလေးသည် ယခုတော့ကွက်တိကျသွားလေသည်။

ပုရစ်သံပင်မကြားရအောင် သက်ရှိသတ္တဝါမနေလောက်သောတောကြီးထဲ၌ သစ်ရွက်စိမ်းများခြစ်သံကြားရသည်။လေတိုက်သည်ဟူ၍မရှိ။အားလုံးပင်ပန်း၍အိပ်စက်နေကြလေပြီ။ကင်းစောင့်လည်းသည်ည မချထားပေ။အကြောင်းမှာ မနက်ဖြန် နတ်ဆေးရမည့်နေရာသို့ရောက်ရန်အမိန့်ချထားသည်။မရပ်မနားခရီးဆက်ကြမည်သာ။

ဂူထဲမှ အဖြူရောင်နားတစ်စုံထံ စူးဝါးစွာဝင်လာသော ငိုညည်းသံနှင့်အတူ သွေးပုပ်ရည်များကျနေသော မိဖုရားမျက်နှာသည် မိန်းကလေးပုံစံကင်းမဲ့လေစွ။

တဖြည်းဖြည်း မိဖုရားခြေလှမ်းများသည် လေးလံပြီးရပ်တန့်လာဟန်ပင်။ရှီးမိန်ဘက်လှည့်ကြည့်လာသောသူသည် မိဖုရားအင်္ကျီကိုဝတ်ဆင်ထားသော မိစ္ဆာသာဖြစ်လေသည်။
"အတင့်ရဲတဲ့မိစ္ဆာ မိဖုရားဘယ်မှာလဲ"
ပြောရင်းလက်နှစ်ဖက်က ရေခဲစကြာပျံမြောက်များစွာကို ထုတ်လွှတ်ထားလေပြီ။စကြာပျံတို့က ရှီးမိန်၏အမိန့်ကိုစောင့်ဟန် လက်ဖဝါးသွယ်တို့အောက် မမြင်နိုင်လောက်အောင်လည်ပတ်ကြသည်။.
"ဟင်းဟင်းဟင်း မိဖုရား အာ ဟို နေ့လည်က တစ်ယောက်လား။ဒီဆူးခြုံတောက ငတ်ပြတ်နေတဲ့မိစ္ဆာကို သွေးတိုက်တဲ့တစ်ယောက်လား။သူမ လုံလုံခြုံခြုံရှိပါတယ်။"အသံသည်မိစ္ဆာတစ်ယောက်တည်းကပြောဟန်မတူ။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now