Final Part warning(unicode)

187 20 5
                                    

'တွေ့ခွင့်ရခဲ့သောကာလများကို တန်ဖိုးမထားခဲ့တဲ့နောင်တ၊နေဝင်ချိန်တိုင်းကို သွေးမျက်ရည်ကျစေခဲ့သော ညနက်များ၊နူးညံ့ညင်သာခြင်းကိုဝါးမျိုပြီးအမှောင်ထဲဆွဲသွင်းသော်လည်း ထွန်းလင်းနေပေးခဲ့သော မီးအိမ်တစ်လုံး'

'ငါ တောင်းပန်ပါတယ် ရှီးမိန်၊ငါ့လိုအပေအတေကောင်ကို မင်းပေးဆပ်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်'

"ကလေး မင်း အမေဘယ်သူလဲ။ လာ မင်းနာမည်ဘယ်လိုခေါ်လဲ" ကလေးငယ်၏လက်ဖောင်းနုနုများကို လက်ဖဝါးကျယ်ထဲဆုပ်ထားရင်း တဲထဲပွေ့ခေါ်လာသည်။

"သားကို နတ်ဘုရားကမွေးတာ။အမေ မရှိဘူး။လီ ရွှဲ့ လုံ"
ကလေးငယ်ပြောလိုက်တိုင်း လက်သွားသောမျက်ဝန်းအစုံတို့သည် နတ်ဘုရားသားတော်မှန်းသိသာလှပါသည်။ကလေးငယ်၏ခေါင်းအား အသာယာပွတ်သပ်ရင်း ပျော်ရွှင်မှုထက်ပိုသာသော နာမည်တပ်မရသည့် ခံစားချက်များစွာလှိုက်တက်လာလေသည်။ "ခမည်းတော် ငိုနေတယ်။ဘာလို့လဲ သားတော်ကို မလိုချင်လို့လား"

"မဟုတ်တာ လုံးဝမဟုတ်ဘူး။ခမည်းတော် ဘာပြောရမလဲမသိတော့ဘူး ဟင့်။အခု သား မယ်တော် ဘယ်မှာလဲ။ဘာလို့သားပဲထွက်လာတာလဲ။သားကို ဘယ်မှာ ဘယ်လိုမွေးခဲ့တာလဲဟင်"

"သားတော်တို့က ဂူထဲမှာနေတာ။ဂူထဲမှာမယ်တော်ဗိုက်ထဲကနေ သားတော်ဘာသာထွက်လာတာ အာ မွေးတုန်းက သားတော်နဲ့အတူရေခဲကြာပန်းပါလာတယ်" သူ့လက်ထဲကနေ တလိုက်တိုင်းပေါ်လာသော ရေခဲအဆင်းကြာပန်းသည် လူခေါင်းကိုပါပြတ်သေနိုင်သည်အထိ ထက်ရှပုံရသည်။

ကလေးငယ်ခေါ်ရာနောက်လိုက်လာပြီး ဂူဝသိူ့ရောက်လာသည်။လက်ထိပ်က ရေခဲသဏ္ဍာန် ကြာပန်းဖြင့် ဂူတံခါးကိုအလိုလိုဟစေသည်။သာမန်လူတို့မဖွင့်နိုင်ရာ။

အေးစက်လှသောအခိုးငွေ့များကို ရှူရှိုက်မိလေတော့ ပျော်ရွှင်ရပြန်သည်။တစ်ဦးတည်းသောသူဆီ၌သာ ခံစားရသော အနံ့ကင်းမဲ့လှသည့် ခမ်းနားကြီးကျယ်မှု ရေခဲထုများစွာ။

"မယ်တော် "
ရွှဲ့မင် သားငယ်၏လက်များကို မိမိလက်ဖဝါးထဲ ကိုင်ဆုပ်ထားဆဲပင်။မျက်ခမ်းစပ်သည် ထိန်းချုပ်ထားသော မျက်ရည်များကြောင့် နီရဲတက်လာရသည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now