5

838 106 2
                                    

ပြိုပျက်အက်ကွဲနေသောအုတ်ဂူထက်၌ မြက်ပင် ရေညှိတို့တွယ်ကပ်နေကြသည်။ရွှဲ့မင်အနားကပ်သွားကြည့်ရင်း အကဲခတ်ရာတွင် အုတ်ပုံအပြိုထဲ၌ ခေါင်းပွဟာလာဟင်းလင်းဖြစ်နေသော အနေအထားကိုတွေ့ရသည်။

ရွှဲ့မင်:ဒါ ဘယ်သူ့အုတ်ဂူလဲ။

ကျိုးစစ်သည် မိမိသခင်သိလိုရင်းအား အနက်ရောင်ဓားကောက်ထုတ်ဆွဲရင်း အုတ်ကျိုးအပိုင်းတို့ကို ထိုးဆွစစ်ကြည့်ပါသော်လည်း ယိုယွင်းနေပြီဖြစ်၍ မည်သူမည်ဝါမသဲကွဲပေ။

ရှီးဟုန်သည်အနောက်၌ အေးဆေးရပ်လျက် ဝန်းကျင်ကိုသာအကဲခတ်နေလေသည်။မြူတို့ပိုဝေ့လာပြီး အသံဆူဆူတို့က မသဲမကွဲခြောက်ခြားစရာကောင်းလှသည်။တစ်ခါတစ်ခါ မသဲမကွဲရယ်သံတို့က လေနှင့်အတူပါလာသည်။

သုံးယောက်လုံးသတိထားနေရင်း တောလမ်းအတိုင်းဆက်သွားရာ ဖြတ်လျှောက်သွားလေသော အရိပ်များစွာသည် မမြင်သာလိုက်ပေ။အသည်းနုလျှင် သည်းခြေပျက်ကိန်းဆိုက်နိုင်သည့် အနေအထားပင်။

ဇာမဏီဓားအား ဆွဲထုတ်ရင်း ဓားအလင်းဖြင့်မှောင်နေသောဝန်းကျင်ကို ရှုကြည့်နေစဉ် ရွေ့လျားလာသောသစ်ပင်အိုတို့က အသံစုံရယ်ကာ သုံးယောက်အားညှပ်ချုပ်ပြီး အသေသတ်ရန် ဝိုင်းလာကြလေသည်။သစ်ပင်အသီးသီး၏အမြင့်ဖျားထက်မြင့်သော လေထဲသို့ခုန်တက်လိုက်ကြရင်း အသက်ဝင်နေသော လူသတ်သစ်ပင်တို့မှာ နေရာရွေ့လျား လှုပ်ရှားမပြတ်ရှိနေကြသည်။လင်းတတို့ကလည်း သာမန်ထက်အကောင်ကြီး၍ ထပျံလျက် ဟိုသည် လျှောက်နား ထိုးဆိတ်ကာ အသံဆိုးတို့လွှမ်းစေသည်။

အုံ့မည်းလာသောတောအုပ်ကြီးထဲတွင် တစ်ဦးနှင့်တစ်ဦးမမြင်ရတော့လောက်အောင် ရှေ့တစ်လှမ်းအကွာကိုပင်မလှမ်းရဲအောင် မိစ္ဆာအငွေ့အသက်လွှမ်းလာလေသည်။နတ်သူငယ်ရှီးဟုန်သည် မိမိသမာဓိအလင်းစွမ်းအားကို လက်ညိုးလက်ခလယ်ပူးကပ်လျက် ခြေဆယ်လှမ်းကွာထိန်လင်းစေလိုက်သည်။အဖြူရောင်မီးဖြာထွက်နေသယောင်ရှိသည်မို့ ငြိမ်နေသော အပင်သို့ခိုနားလိုက်ကြသည်။

"တိမ်တွေမည်းလာပြီ မိုးရွာတော့မယ် အရှင့်သား"ကျိုးစစ် သတိပေးလာရာ တိမ်မည်းတို့သည် ဤတောတစ်နေရာတည်းကွက်ရွာမည်ဖြစ်ကြောင်း သုံးယောက်သားသေချာနေ၏။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Wo Geschichten leben. Entdecke jetzt