Part36(Unicode)

100 16 4
                                    


'ဂူထဲမှာခုဆိုအေးတော့မယ်မထင်ဘူး။နွေရောက်လာပြီလေ'

အားလုံးက ရှီးမိန် မရှိတော့ဘူးဟူသော အဆိုပြုချက်အား မိမိပယ်ချမြဲသာ။အမှန်တရားကိုလက်မခံနိုင်သော သူရဲဘောကြောင်သည့် မင်းကြီးလို့ပြောလည်းလက်ခံလိုက်မည်။

"မင်းကြီး"

မိမိရှေ့၌ မဆိုင်းမတွ ပေါ်လာသော နတ်သားငယ်ရှီးဟုန်။
"ကိုယ်တော် ပြန်တော့မယ်။ကျိုးစစ်ကို နှုတ်မဆက်ခဲ့တော့ဘူး​။"

ရွှဲ့မင်:ရှီးမိန်မပါဘဲနဲ့လား။သူမသေသေးပါဘူး။ငါ့ကိုဆက်ရှာခွင့်ပြုပါဦး

ရှီးဟုန် ခေါင်းခါလျက် "အရှင့်စွမ်းအင်တွေကိုပေးလိုက်တည်းက ရေခဲဂူထဲရှင်သန်ဖို့ အခွင့်ရေးနည်းသွားပါပြီ။တစ်လဆိုတဲ့အချိန်ဟာ လုံလောက်ပါတယ်။နှမြောစရာက အရှင့်အသက်ကိုစွန့်ခဲ့တာ အချည်းနှီးပဲဖြစ်ခဲ့ရတယ်"

ရွှဲ့မင်:သူမ အစတည်းက အသက်မရှိတော့ဘဲ မိစ္ဆာဖြစ်နေမှန်း ရှီးမိန်မသိဘဲမနေလောက်ဘူး။ငါနားမလည်တာက သူဘာလို့ တမင်ကယ်ခဲ့တာလဲ။အသက်ပေးရတဲ့ထိ တန်လား။

ရှီးဟုန်:တကယ်မသိလို့ မေးနေတာလား မင်းကြီး။

ရွှဲ့မင်  ရှီးဟုန်ကိုကြည့်ရင်း "ငါထင်တာအမှန်ဆိုရင်ရော ဘာတွေများပြောင်းလဲသွားမှာလဲ"။ပြီးနောက် အရက်ခွက်များကြားထဲကနေကြမ်းပြင်ပေါ်ယိုင်နဲ့နဲ့ထရပ်လိုက်သည်။ညီလာခံမရှိဘဲစစ်ရေးရာလေ့ကျင့်စရာမလိုသောရက်များတွင် မူးအောင်သောက်လေ့ရှိသည်။သူများတွေကမေ့ချင်လို့သောက်သည်။ရွှဲ့မင်မှာ ရှီးမိန်ကိုများ အိမ်မက်ထဲဆုံမလားဆိုပြီ မအိပ်မချင်းမူးနေအောင်သောက်တတ်လာလေသည်။ဝိညာဉ်များက အိမ်မက်ပေးတတ်ကြသည်ကို ယုံကြည်စွဲလန်းနေမိသူ ရွှဲ့မင်။

ရှီးဟုန်:မင်းကြီးသိတာထက် အမှန်တရားက ပိုကျယ်ပြန့်ပါတယ်။ အနည်းဆုံး အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်းသိပြီး အသက်ရှင်ရတာ ပိုမကောင်းဘူးလား။အရှင်က ထာဝရလျှို့ဝှက်ချက်လို့ပြောပေမယ့် ကောင်းကင်ဘုံမပြန်ခင် ကိုယ်တော် စာရင်းရှင်းခဲ့ချင်တယ်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now