15

1.2K 112 25
                                    

မိစ္ဆာကြီးသည် မင်းအခမ်းအနားမတိုင်ခင်ထိ တိတ်နေခဲ့ပြီးမှ ယခုလိုနန်းတက်ပွဲနေ့မှာပင်ထပ်မံ၍ အသစ်စက်စက်မြို့ရိုးကိုဖျက်ဆီးချိုးဖောက် ချေမွပစ်လေသည်။တိုင်းသူပြည်သားအပေါင်းမှာ ရှီးမိန်၏အကာကွယ်ကြောင့် နှင်းအိမ်များထဲ ထပ်မံခိုလှုံကြရပြန်လေသည်။အေးဆေးစွာ ကစားပွဲတစ်ခုကို ကြည့်နေသူ ပြည့်ရှင်မင်းငယ်သည် 'ငါတော့ရိုးနေပြီ'ဟု ပြောနေသယောင်ပင်။

ရွှဲ့မင်:ကဲ ဆိုပါဦး မိစ္ဆာကြီး ဒီတစ်ခါ ဘာပြဇာတ်ကမလို့လဲ။ဒါမှမဟုတ် ခင်ဗျား ရှီးမိန်နတ်မင်းကို.... ။မထိတထိအပြောဖြင့်ဆွပေးလိုက်သောအခါ နှာမှုတ်သံ 'ဟင်း'ဆိုသည့် အသံနက်ကြီးသည် တိတ်နေသော တလောကလုံးကို အသည်းခိုက်အောင် တုန်ယင်စေပြန်သည်။အသံရှူသံသည် လေမုန်တိုင်းသံကဲ့သို့ ပြင်းသလို အပုပ်ရည်တို့က တစ်စက်စက်ကျနေသည်။သူနှင့်​အတူပါလာ​သော မိစ္ဆာအ​ငွေ့အသက်​ဆိုးကြီးသည်​ တစ်​မြို့လုံးကို​လေ​ပွေမှုတ်​၊အ​မှောင်​တိုက်​ထဲကျ​ရောက်​​စေသည်​။နန်း​တော်​ထဲကိုးကွယ်​ထား​သော ရှီးမိန်​နတ်​နန်းကြီးမှ လူတစ်​ရပ်​စာဖ​ယောင်းတိုင်​၊အလင်းဖ​ယောင်းတိုင်​ငယ်​များနှင့်​ ရှီးမိန်​တို့ဆရာတပည့်​၏ ​ရေခဲဖန်​ကြည်​​ရောင်​ဓာတ်​တို့​ကြောင့်​ လူတို့စု​ဝေးလာကြ​သည်​။မြို့ရိုးပျက်​နှင့်​ပြီမို့အလုံးအရင်းသာ လူတို့စု​ဝေး​နေကြ​တော့သည်​။

မင်းကြီး၏ခပ်တည်တည် ဝင်နှောက်သောစကားကြောင့် သူ၏လက်ယာဘက်တွင်ထိုင်ခဲ့သူ အဖြူရောင်ရေခဲတုံးက အပြာရောင်ရင့်သောမျက်ဝန်းတစ်စုံဖြင့်ကြည့်လာသည်။အပြာရင့်ရောင်မျက်ဝန်းတို့သည် ရှီးနတ်မင်း၏ဒေါသအဆင့်ကိုဖော်ပြနေလေ၏။သို့​သော်​ လူသားတို့အား ဝိညာဉ်​မ​ခေါ်​ဆောင်​ခံရ​ရေးအတွက်​ နှင်းအိမ်​ နှင်းလုံးများ ချက်​ချင်းဖန်​တီး​ပေးနေရ​​လေသည်​။လေထုထဲ၌ ဆရာတပည့်​နှစ်​​ယောက်​သည်​ ထုံးစံအတိုင်းပင်​ သတ္တဝါကြီးကိုမဖမ်းဆီးပဲလွှတ်​ထားပြီး လူတို့ကိုသာနှင်းလုံးများထဲပုန်း​ရှောင်​​နေ​စေပြန်​သည်​။ရေခဲငွေ့ အမြောက်မြားဖန်တီးရင်း မိစ္ဆာတို့ဆီမှဖုံးလွှမ်းနေသောလေထုကို သန့်စင်စေသည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now