Part32-2

99 20 9
                                    

Zawgyi
လူသားဆန်သည့် ပျော့ညံ့ညံ့ခံစားမှုကိုအသာထားပြီး မြင်းပေါ်ကနေလှည်းအတွင်းသို့ ဝင်ရောက်လိုက်သည်။ကို့ရိုးကားယားနိုင်စွာ လက်ချောင်းတောင့်တောင့်များက ရှီးမိန်ကိုလာရောက်ကုတ်ခြစ်လေ၏။လက်မတင်ကလေး၌ ရှီးမိန်သည် သီလကြိုးဖြူဖြင့် မိဖုရားခန္ဓာကိုယ်အနှံ့တုတ်နှောင်ပြီးနောက် နဖူးပေါ်သို့ လက်ညှိုးဖြင့်တို့ထိလိုက်သည်။ရုန်းကန်နေသော မိစ္ဆာသည် တမဟုတ်ချင်းငြိမ်ကျလုနီးပင်။

နဖူးပေါ်၌ နှင်းပွင့်သဏ္ဍာန် ​တောက်ပနေသောရေခဲပါးပါးလေးကပ်ထားသည်။မိစ္ဆာဝိဉာည်ကို နှင်းပွင့်ဖြင့် ယဉ်ပါးအောင်ထိန်းချုပ်ခြင်းမည်၏။မငြိမ်သည်မှာ အနက်ရောင်ခြယ်သည့် မျက်လုံးနှစ်စုံပင်။မငြိမ်မသက်ဖြင့် သားကောင်ရှာနေဟန်။စားရန်သွားရည်တပြင်ပြင်နှင့် 'ခီးခီးဂါးဂါး'ဟု ဒေါသကိုဖော်ပြ၏။

ရှီးမိန်ဘေး၌  မျက်မှောင်ကြုံ့လျက်ကြည့်နေသူ ရွှဲ့မင်။ရှီးမိန်ဖုံးကွယ်ထားသောပုဝါကို မိဖုရားလက်သည်းတို့ကုတ်ခြစ်ခါနီးမှာပင် ဘေးနားသို့ ဝင်ထိုင်နေခဲ့သည်။လက် ကမိဖုရားကိုလှမ်းဆွဲရန်တပြင်ပြင်၊အသက်ရှူမှုကြောင့်ရင်အုံရှိသံချပ်ကာက မို့တက်လိုက် ပိန်လိုက်ဖြစ်နေသည်ထိပင်။ရှီးမိန်သည် မိဖုရားဆီအာရုံရောက်နေသဖြင့် သတိမထားမိခဲ့ပါ။

"ရှီးမိန် ငါ ဘာလုပ်ပေးရမလဲ"
အလွန်ပင်လေးနက်လှသော အကြည့်ဖြင့် မြန်ဆန်စွာဆိုလာ၏။

ရှီးမိန်:မလိုတော့ဘူး။ငါနဲ့ရှီးဟုန် ရှိရင်ဖြစ်တယ်။

ရုတ်တရက် ရေခဲပိုးလက်ဝတ်ရုံကိုဆွဲတင်လိုက်သောရှီးမိန်။ရွှဲ့မင် ခုထိ ရေခဲနတ်မင်းကို ဘာလုပ်မလဲဟု စောင့်ကြည့်နေဆဲ။ယခုလို လူသားဘောင်ထဲကမစွမ်းနိုင်သည့် ကိစ္စတွင် မိမိအသုံးမဝင်ဟုတွေးကာ အားမရဖြစ်နေသည့် အကြည့်က မျက်နှာမာထန်ထန်၌ ထင်ဟန်နေလေပြီ။ရှီးမိန်၏ယခုလုပ်ရပ်အပေါ်အလိုလိုယုံကြည်သဖြင့် ကြည့်သာနေလိုက်သည်။

'ရွှစ်'
ရေခဲဆူးချွန်လေးတစ်ခု ရှီးမိန်လက်ထဲမှပေါ်လာပြီးနောက် ပုလဲဖြူရောင်ဝင်းလက်နုအိနေသော လက်ဖျံအတွင်းပိုင်းသို့ စိုက်ဝင်ခိုင်းလိုက်၏။အပြာရောင်သွေးစက်တို့က စိမ့်ထွက်လာသည်။ထိုအပြာရောင် နတ်ဆေးရည်ဟုတင်စားနိုင်သော ရှီးနတ်မင်းသွေးထွက်ရာလက်ဖျံကို မိဖုရားနှုတ်ခမ်းနားတေ့ပေး လိုက်သည်။စုပ်လည်းစုပ် ကိုက်လည်းကိုက်နေသောအနှိမိစ္ဆာသည် အစာရေဆာငတ်ပြတ်မတတ်ခံစားခဲ့ရဟန်ပင်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now