Part29

138 24 5
                                    

ပန်းကုံးကိုလွှင့်ပစ်ထားပြီလား။သူမအတွေးတို့သည် သူမကိုနာကျင်မှုဘက်သို့ဦးတည်စေသည်။အသက်ရှူရခက်လာသဖြင့် ချောင်းကိုပြင်းပြစွာဆိုးလိုက်သည်။ထွက်လာသောသွေးစတချို့ကို လာသုတ်ဖယ်ပေးသူသည် တော်သေး၍ရွှဲ့မင်ဖြစ်နေသေးသည်။သို့သော်သူမ မကျေနပ်နိုင်ခဲ့ပါ။သွေးမြင်၍သာဂရုစိုက်ခံနေရပြီး သူမ၏မူလစိတ်ထားဖြင့်သာမန်ချိန်ဆိုလျှင် ထိုသူအလေးအနက်ခံစားချက်ပင်မထားခဲ့မှန်း စိုးရိမ်ရုံသာရှိသည့်အကြည့်တို့က သက်သေပင်။

မိဖုရား;တစ်ချိန်က ကျွန်မပိုင်ဆိုင်ရမယ်လို့သတ်မှတ်ထားရင် ထာဝရ ကျွန်မအပိုင်ပဲ။အခုတော့ ရှင်ကျွန်မကို မိဖုရားမို့သာကောင်းပေးနေမှန်း ခံစားမိနေတယ်။လက်မခံနိုင်ဘူး။ဘယ်လိုမှလက်မခံနိုင်ဘူး။ရှီးမိန်.....ရှင့်လျို့ဝှက်ချက်တွေ ကျွန်မဖော်ထုတ်ပြမယ်။ကျွန်မမရတဲ့အရာကို ဘယ်သူမှမပိုင်ရဘူး။နတ်ဘုရားဖြစ်နေရင်တောင်ပေါ့။ထိုစကားကိုတွင်တွင်သုံးခဲ့ပါသော်လည်း သူမယခုထိမအောင်မြင်သေး။

 ရေခဲရုပ်တွေလိုမြင်းပေါ်ထိုင်နေကြသည့်ဆရာတပည့်အား ကျိုးစစ်အကဲခတ်မိသည်။လူသားတို့နဲ့ အရောတဝင်မပြောသလိုအလိုက်အထိုက်ပင်မနေ။

ရုတ်တရက် ရွှဲ့မင်လက်ထဲမှပန်းကုံးကို တစ်စုံတရာက လုယူလိုက်သည်။ထိုတစ်စုံတရာလားရာအရပ်ကို ရွှဲ့မင်မြင်ပြီး ဒေါသထွက်ရလေပြီ။မိဖုရားသွေးအန်နေ၍သာ မျိုသိပ်ဟန်ဆောင်လိုက်ရသည်။ ထိုကောက်ကျစ်သောနတ်ဘုရားကို မည်မျှမုန်းသည်မသိ။ ဖြူဖြူမြင်လျှင်ပင် သူလို့ထင်နေလေပြီ။ယခုလည်း စိတ်တိုစကာကောင်းအောင်လုပ်ပြန်သည်။

ပန်းကုံးဖြူဖြူကို ရှီးမိန်မြင်းခေါင်း၌တင့်တယ်လှစွာတွေ့ရသောခဏဝယ် မိဖုရားအမျက်ရှပြန်သည်။လမ်းမှာတင်သေစေချင်လို့လား။စိတ်ချ။ငါကအသက်ပြင်းတယ်။ရှင်မပျော်စေရဘူး။

ရှီးဟုန်;အရှင့်ကို မယုံနိုင်ဘူး။အရှင်ခုနကလုပ်လိုက်တာ ငါသိတဲ့ မာနကြီးသောရေခဲထွတ်ခေါင်မှဟုတ်ရဲ့လား။ဘာဖြစ်ဖြစ် မြင်းခေါင်းပေါ်ရောက်သွားတာက မိဖုရားကို စိတ်တိုစေမှာပဲ။အရှင်ဘာဖြစ်ချင်နေတာလဲ။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now