19(Part2)

262 33 14
                                    

စုန်းများပေါ သောပြည်ငယ်လေးတစ်ခုကို သိမ်းရန်အရန်စစ်သား၅၀၀နှင့်ချီတက်လာသော မင်းကြီးငယ်သည် အမှန်တကယ် ကိုယ်တိုင်တိုက်ရန်မလိုပေ။တပည့်ကျော် ကျိုးစစ်အားလွှဲလိုက်ရုံနှင့်ငြိမ်းသည်။ယခုမူ မဆီမဆိုင် စစ်တိုက်ရန် နတ်၂ပါးကိုပါ ခေါ်လာရုံမက  ဝိဉာဉ်ကပ်လိုက်ခွာလိုက်ဖြစ်နေသော နာမကျန်းမိဖုရားကိုပါ ခေါ်လာလေသည်။

ရှီးဟုန်သည် လူသွေးသောက်ရသောအကြိမ်ရေနည်းသောကြောင့် နဂိုအစွမ်းတို့မလျော့သေးသလို လေဟုန်ပျံလိုက် ရှီးမိန်စီးလာသောမြင်းကိုဆွဲလိုက်လုပ်ပေးနိုင်သည်။သူများတွေလိုမြင်းစီးစရာမလိုသော ဈာ်န်ပျံအစွမ်းရှိသည့်နတ်မို့မြင်းဆွဲလျှင်လည်း မြန်ဆန်ပေါ့ပါးသည်။ ရှီးမိန်ကား စကျင်ကျောက်သဖွယ်အသားရည်သည် ရေခဲဖန်ရောင်မတောက်ပနိုင်တော့ဘဲ ဖျော့လွန်းနွမ်းလျရှိလေ၏။မင်းကြီးငယ်၏အတင်းကြပ်လုပ်ရပ်အပြုမူများကြောင့်လည်းပါမည်။

မိဖုရားမှာအထောက်တော်တစ်ယောက်နှင့်လှည်းအတွင်းထိုင်နေသည်။
"မိဖုရားကြီး မိဖုရား "အထဲက အထောက်တော်အသံသည် ထိပ်ဆုံးမြင်းပေါ်က ရွှဲ့မင်းကြီးနားဆီရောက်သွားသည်။

ရှီးမိန်သည် ရှီးဟုန်ကို တစ်ချက်ကြည့်လိုက်သည်။ရှီးဟုန် မိဖုရားလှည်းနားကပ်ကာ အခြေနေအကဲခတ်ပြီးနောက် မင်းကြီးရောက်လာသည်။
ရွှဲ့မင်:အဲ့ဒီတိုင်းပြည်ကိုရရင် မိဖုရားအတွက်ဆေးရမယ်လို့  စာအုပ်ထဲဖတ်ဖူးတယ်။ထပ်မံ၍ ခိုးဖတ်ဖူးကြိမ်ရေများကြောင်း ထင်ပေါ်လှသည်။

ဖြူလျော်သော်လည်း နှင်းဆီနုရောင်ပြေးသော နှုတ်ခမ်းမှ "ရေခဲကြာကိုလိုချင်တာလား။"ထို့ကြောင့် ရေခဲတို့၏နတ်ဘုရားကို နေမကောင်းသည် ကောင်းသည် မကြည့်ဘဲ မြင်းပေါ်အတင်းတက်ခိုင်းပြီး ခေါ်လာခြင်းသာ။

အရင်ရှီးမိန်ဆိုလျှင် ပါလာမည်မဟုတ်။ယခုမူ ဤလူ့လောက၏အမွှေတော်သတ္တဝါကြီးအား ကယ်တင်မှုအပြစ် လူသေမှုအပြစ်တို့က မိမိနှင့်ဆိုင်နေသည်ကြောင့် မတတ်သာဘဲ လိုက်လာရပြန်သည်။

ရှီးဟုန်;ကိုယ်တော့်ရဲ့ နတ်မင်းသြဇာတွေ မင်းလက်ထဲကျမှ မှေးမှိန်ကုန်ပြီ ရွှဲ့မင်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Tahanan ng mga kuwento. Tumuklas ngayon