23(part1)

215 33 13
                                    

မိဖုရားဆီသို့ခြေလှမ်းများလှမ်းသော်လည်း စိတ်အမျက်ကမပြေနိုင်။သွေးများစီးနေသောနှုတ်ခမ်းကိုသာမြင်ယောင်ရင်း လက်သီးဆုပ်ထားမိသည်။ကုတင်ထက်က မိဖုရားကမိမိရင်ခွင်ထဲတိုးဖက်လာသည်။
ကျောဘက်က လေအေးတို့ရုတ်တရက်တိုက်လာစဉ် ရင်ခွင်ထဲမှ တွန်းထုတ်လိုက်မိသည်။

မိဖုရား;ဟင်း မင်းကြီး ကျွန်မသူ့ကြောင့်ခုလိုဖြစ်နေတာတောင် ဒီနတ်ယုတ်မာဝင်လာလို့ တွန်းထုတ်တာလား။ရှင့်ခေါင်းထဲ ဘာတွေတွေးနေတာလဲ။
ရှီးမိန်ကိုလက်ညှိုးငေါက်ငေါက်ထိုးကာ စိတ်တွင်းမှ ကျိန်ဆဲနေလေသည်။အပြင်မှာစကားပင်မဟနိုင်ပေ။

"ရှီးနတ်မင်း ကိစ္စရှိလို့လား" အဝ၌ရပ်နေသောရှီးမိန်ထံ လှမ်းရင်း မေးလိုက်သည်။

ရွှဲ့မင် အနားတိုးကပ်ပြီး ပဝါဖြူအုပ်ထားသောမျက်နှာကို လှပ်ကြည့်သည်။ " ပါးပြင်ကသွားအကွင်းလိုက်ရာကို ပဝါနဲ့ဖုံးထားသေး။နှုတ်ခမ်းကလည်း ယောင်ပြီးခရမ်းယောင်သမ်းနေသလိုပဲ။ပြီးတော့...အသက်ရှူသံပြင်း..." မိမိဘာသာရေရွတ်စဉ် ရှီးမိန်က နောက်အနည်းငယ်ဆုတ်လိုက်သည်။

ရှီးမိန်:မြေပုံကြည့်ပြီးပြီ။မကြာခင် စထွက်ရင် အချိန်ကောင်းပဲ။မဟုတ်ရင် လမ်းမှာ မိစ္ဆာတွေနဲ့တိုးမယ်။ရှီးဟုန်နဲ့ငါက ဘာမှမဖြစ်ပေမယ့် လူသားတွေ အထူးသဖြင့်မိဖုရားအတွက်မကောင်းဘူး။ဆေးချက်ခြင်းရပြီး အချိန်မီတိုက်မှ အသက်မီလိမ့်မယ်။

"ကောင်းပြီ ။ရှီးနတ်မင်းပြောသလိုလုပ်မယ်"

ရှီးမိန်သာ ယခုလိုမိမိနှင့်လိုက်လျောညီထွေ ကူညီခဲ့လျှင်မည်မျှကောင်းမည်နည်းဟု တွေးမိလိုက်သည်။

ရွှဲ့မင်:ကျိုးစစ် ရှီးမိန်နောက်လိုက်သွား။သူအသက်ရှူသံတအားပြင်းနေတယ်။တိုးတိုးပြောလျက်အမိန့်ပေးလိုက်သည်။

ကျိုးစစ်:ဟုတ် ကျွန်တော်နားမလည်ဘူး။

ရွှဲ့မင် "နတ်ဘုရားမျိုးနွယ်တွေဟာ ဝင်သက်ထွက်သက် ဘယ်တော့မှ မမြင်ရဘူး။အခုက ဖျားနေတဲ့သူလိုမျိုးဖြစ်နေတာ။ခရီးမှာ သူ့ကိုလိုတာ သူအားနည်းလို့မဖြစ်ဘူး။ကြာပန်းတွေလေးခြင်းလောက်ခူးပြီး သွားဆက်သလိုက်။"

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now