Part31-1

127 15 2
                                    

Unicode
ဆူးခြုံတောအဆုံး၌ မူလကဲ့သို့တောင်များပြန်မြင်ရသည်။ညနေပင်စောင်းလုပြီ။အေးစက်ပြီးရေခဲအငွေ့သက်ပါလှသော စကားကိုကြားလိုက်ရသည်။

ရှီးမိန်:ခဏလေး မြေပုံထဲမှာတော့ ဆူးခြုံတောဟာ အဆိုးဆုံးနေရာပဲ။သူ့ကိုကျော်လွှားနိုင်ရင် ခရီးထက်ဝက်ကျော် အောင်မြင်ခဲ့ပြီလို့ပြောလို့ရတယ်။ အကုန်လုံး လည်လိမ်လုမတတ် ရှီးမိန်ထံသို့ အကြည့်ပို့ကာ အာရုံစိုက်နေကြသည်။လူတို့ နှင့်စကားဆက်သွယ်ခဲလှသဖြင့် ပိုအရေးပါသောအခိုက်အတန့်သဖွယ်။ဘယ်လိုပင်မုန်းစရာဖြစ်ခဲ့ပါစေ ရှီးမိန်သည်ကြည်ညိုခံမပျက်နိုင်သော ပုံရိပ်ကိုပိုင်ဆိုင်ထားသည်။ရှီးမိန်စကားအဆုံး၌အားတက်သွားကြသော သူများစွာသည် ရယ်သံတို့ထွက်လာသည်။

ဆူညံသံတို့မဆုံးလိုက်ခင်ပင်
"အားးးး ပြသနာတက်ပြီ ရှီးမိန်နတ်မင်း"
အပျိုတော်နှစ်ပါး ဝေါယာဥ်ထဲမှ အူလျားဖားလျားပြေးဆင်းလာကြသည်။

ရှီးမိန်ကြည့်လိုက်တော့ ခုနတည်းက ရနေသည့် ပုပ်စော်လှသော မိစ္ဆာအနံ့။ငရဲသားအနံ့နှင့်လည်းမတူ၊ဖခင်မိစ္ဆာအနံ့ထက်ပင်ဆိုးဝါးသေးသည်။

ကန်လန်ကာကို ရှီးမိန် အစွမ်းဖြင့် ဖယ်ရှားလိုက်သည်။မျက်လုံးနက်နက်တို့က အဖြူရောင်သားမပါတော့ဘဲ စိုက်ကြည့်လာသည်။

နဂိုမိစ္ဆာအကိုက်ခံထားရပြီး ဝိညာည်မကြာခဏ လွှင့်ခံရသူမိဖုရားသည် မိစ္ဆာဓာတ်တို့ အားကောင်းလာဟန်ပင်။နဂိုစိတ်ပျောက်လျက် သွားရည်တမြမြနှင့်ရှီးမိန်အားကြည့်နေလေ၏။

ရှီးဟုန်:အရှင် ဘယ်လိုဖြစ်ရတာလဲ။လမ်းမှာဘာမိစ္ဆာမှ မတွေ့ခဲ့ဘူး။

ရှီးမိန်:မိစ္ဆာကမရှိပေမယ့် သူ့နယ်ပယ်မို့ သွေးနံ့ရတော့ ပူဇော်ခံချင်တာ။မြင်းပေါ်ကဆင်းရင်းဆိုသည်။

ရှီးဟုန်:အရှင်သိပြီးသားလား

ရှီးမိန်:လမ်းမှာ ကိုယ်တော်ပြောတယ်လေ သေ နိုင်တယ်ဆိုတာ။မထင်ထားမိတာက နေမဝင်သေးတာတောင် မိစ္ဆာထကြွလာနိုင်တယ်ဆိုတာပဲ။

ရွှဲ့မင်:ဒါဆို ငါတို့တစ်စုံတစ်ယောက်ကိုယစ်ပူဇော်ရမှာလား။မိစ္ဆာကိုစောင့်ပြီးသတ်ရမလား။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now