Part34(2/2)

225 23 8
                                    

Unicode
"မင်း .."
"ငါ့ကိုပေးလိုက်"မိဖုရားကို ပွေ့ချီရင်းတဲထဲဝင်သွားသူ ရွှဲ့မင်။
ဂူ၌ဘာမှမထူးခြားပေ။သူတစ်ယောက်သာ သွေးနှင့်ရင်း၍တိုက်ခိုက်ခဲ့ရသည်။အထဲ၌ ရှီးဟုန်တရားကျင့်ပင်မပြတ်ချေ။

"အရှင် ဒဏ်ရာရလာပြန်ပြီလား။ကျွန်တော့်ကိုမခေါ်သွားဘူး"
"ကိုယ်တော်ဘာမှမဖြစ်ဘူး။သွေးအနည်းငယ်ထွက်ရုံပါ"
လက်ဖျံမှတဆစ်ဆစ်ကိုက်လာသည်။
"အရှင် လက်က "လက်ဖျံမှ မည်းမည်းသဏ္ဍာန်အငွေ့များတက်လာပြီးနောက် ရှီးမိန် မျက်နှာတစ်ချက်မဲ့သွားတော့သည်။နှလုံးအိမ်မှ နာကျင်ခြင်းက ရွှဲ့မင်မိမိကိုဖျက်ဆီးတုန်းကလို ပင်။နှလုံးသားအေးခဲခဲကို ဆွဲကိုင်လှုပ်နေသယောင်။

"ဒီမိစ္ဆာက ငါ့သွေးကိုသောက်ရုံမကဘူး အဆိပ်ပါခတ်လို က်တာ " ညည်းသံတော့ထွက်ကျမလာပေမယ့် နာဖူးပြင်ဖြူနုနုက ကြုံ့နေလေသည်။

"အရှင် "ရှီးဟုန် စိုးရိမ်ကြီးစွာ လက်ဖျံနေရာကို လက်ဖဝါးအုံ့မိုးကာစုပ်ယူနေသည်။ခဏအကြာတွင်
"ဟွပ် "သွေးမည်းညစ်ညစ်များ အန်ကျလာသည်။အနှီမိစ္ဆာလောက်သည် နတ်ဘုရားကို ခဏတာနာကျင်ပင်ပန်းစေရုံသာတတ်နိုင်သည်။
ရှီးမိန်ကသာ အားနည်းလွယ်ချိန်ဖြစ်နေသဖြင့် လူကဲ့သို့ခံစားနေရခြင်းသာ။

ရွှဲ့မင်သည် မိဖုရားအား ရေပက်တိုက်ပေးရင်း ဆေးတချို့တိုက်ကျွေးလေ၏။ကျိုးစစ်အား ရှီးမိန်အကြောင်းတစက်မှ မဟပေ။မျက်မှောင်ကြုံ့လျက်သား မိဖုရားကိုအာရုံစိုက်နေပုံပေါ်သည်။

"ကျိုးစစ် ပြောစရာရှိရင် တဲထဲစောင့်နေ"
"အော် သိပါပြီ"
မိဖုရားကို သေချာကြည့်ပြီးမှ မိမိတဲရှိရာ ထွက်လာလေသည်။
"စာအုပ် ကိစ္စသိရလား။"
"ခုနက ရှီးဟုန်တရားမှတ်နေတုန်း ကျွန်တော် ကျွန်တော် သွေးတိုက်ပြီး မေးကြည့်တာ။အိုက်ယား တောင်းပန်ပါတယ် သူ သူကလေအရမ်းချစ်စရာကောင်းအောင် မသိဘူး မရှိဘူးပဲပြောနေလို့ မေးလို့မရခဲ့ဘူး"ကျိုးစစ် မျက်စိစုံမှိတ်ကာ တောင်းပန်လေသည်။သေချာပေါက်ခွင့်လွှတ်မည်ဟုယူံကြည်သည့်မျက်နှာထားပေ။

ရွှဲ့မင် သည် အရေးတယူလုပ်ဟန်မတူပေ။လေးလေးနက်နက်တွေးနေသည်က "ကိုယ်တော်တော့ အကြီးမားဆုံးကိစ္စကို သိထားတယ်"

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now