Chapter 5

424 55 0
                                    

Zawgyi version.

"ဆရာ... ဒီမိန်းမဟာ ကျွန်တော်မြင်ဖူးသမျှထဲ အလှဆုံးမိန်းမပဲ!"

သူ့တပည့်အတွေးဟာ မိန်ရှာအတွေးနဲ့ တူတူပဲ... ဒါပေမယ့် သူက ပိုပြီး တွေးတောနိုင်စွမ်းရှိတယ်။ ဘာကြောင့် ဒီအံသြဖွယ်ရာမိန်းမဟာ ဘာကြောင့် ဒီလိုလူသူကင်းမဲ့တဲ့တောင်ပေါ်မှာ တယောက်တည်း ရှိနေရတာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

"ဝမ်ရယ်!"

ဝူကျင့်ခုန်းက လူတွေနဲ့ ယှဉ်ရင် လုံဇယ်ကျင့်ထျန်းဘက်က လူတွေက ပိုပြီး တည်ငြိမ်တယ်။ လုယွမ်နဲ့ တခြားသုံးယောက်ဟာ လုံဇယ်ကျင့်ထျန်းကို စက်ဝိုင်းပုံသဏ္ဍာန်ပတ်ပြီး ကာကွယ်ထားတယ်။ သူ့အမူအယာတွေက အချိန်နဲ့အမှ ပိုဆိုးရွားလာလေ၊ လုယွမ်ရဲ့နှလုံးသားဟာလည်း စိုးရိမ်မှုကြောင့် ပေါက်ကွဲထွက်လာတော့မလိုပင်။ အချိန်က အကန့်အသတ်ရှိတာကြောင့် သူတို့အနေဖြင့် အချိန်ဆွဲနေလို့ မရဘူး။

"မင်းက လုံဇယ်ကျင့်ထျန်းရဲ့ စစ်ကူလား?"

မိန်းမတယောက်အနေနဲ့ သူမထက် အဆထောင်ပေါင်းများစွာလှပတဲ့ မိန်းကလေးတယောက်ကို မြင်ရတော့ ကြွယ်ရာအေနေနဲ့ မပျော်ရွှင်နိုင်ဘူး။ ထိုမိန်းမကို ခုထိ ငေးကြည့်နေဆဲဖြစ်တဲ့ မိန်ရှာကို ခြေထောက်နဲ့ တချက်ကန်ထည့်လိုက်ပြီး ထိုမိန်းမကို ကြောက်မက်ဖွယ်ရာ စိုက်ကြည့်လိုက်တယ်။

"ကျွန်မက မဟုတ်ပါဘူး"

အဖြူရောင်နဲ့မိန်းမပျိုလေးက ပြုံးလိုက်တယ်။ သူမအနောက်မှ မနည်းရှိုက်သွင်းနေရတဲ့ အသက်ရှူသံတခုကို ကြားလိုက်ရတယ်။

ကြည့်ရတာ လူတွေကို သူမရဲ့ ဒီမျက်နှာနဲ့ ကြာကြာမတွေ့သင့်ဘူးပဲ။ အနှေးနဲ့ အမြန် ဒီမျက်နှာက သူမဆီကို ပြသနာတွေ ယူဆောင်လာလိမ့်မယ်။ သူမ အပြင်ထွက်လာတုန်းက 'ရေစန္ဒာကြေးမုံ' ကို မတပ်ဆင်ခဲ့ရတာကို အဖြူရောင်ဝတ်မိန်းမပျိုဟာ နောင်တရမိတယ်။ သူမရဲ့ ပြိုင်ဘက်ကင်းတဲ့မျက်နှာကို ဖုံးကွယ်ထားဖို့အတွက် သူမ ဒါကို သုံးခဲ့ရမှာ။ ဒါမှ ဒီလူတွေဆီက အာရုံစိုက်မှုကို မခံရမှာ။

***ရေစန္ဒာကြေးမုံဆိုတာ မျက်နှာဖုံးတခုဖြစ်ပြီး အသုံးပြုသူရဲ့ မူရင်းမျက်နှာကို ချိတ်ပိတ်ပေးပြီး သာမာန်ကြည့်ကောင်းရုံရုပ်ရည်ကိုသာ ပြသပေးတယ်***

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now