Chapter 27

256 29 0
                                    

Zawgyi Version

လုံဇယ်​ယု၏ အပြုအမူသည်​ ​ကျေးဇူး​ကြွေးကို ခန္ဓာကိုယ်​ဖြင့်​ ​ပေးဆပ်​သည်​ဟု အတိုင်းအတာတခုထိ ယူဆလို့ ရသည်​။ လုံဇယ်​ယုက ဒီည ချင်းလွမ်​နန်း​ဆောင်​တွင်​ ​နေမည်​ဟု ​ပြော​သောအခါ သွမ်​မုချင်းနှလုံးသားက ​ပျော်​ရွှင်​မှု​ကြောင့်​ ခုန်​​ပေါက်​​နေသည်​။ သူမရဲ့​ကျေးဇူးတရားကို လက်​ခံရရှိချိန်​ သိပ်​မများတာမို့ ဒီအခွင့်​အ​ရေးကို မိမိရရဆုပ်​ကိုင်​ရမည်​။ ဒါအမှန်​ပဲ! သူမ က​လေးရ​စေသည့်​​ဆေးကို သုံးရမည်​။ သူမ၏ အားစိုက်​ထုတ်​မှုအားလုံးကို အသုံးချပြီး က​လေးရ​အောင်​ လုပ်​ရမည်​။

တမွန်းတည့်​နှင့်​ပင်​ မုရုံအိမ်​​တော်​မှ တတိယသခင်​မ​လေးသည်​ လုံဇယ်​ကျင့်​ထျန်း၏ စွန့်​ပစ်​ခြင်းကို ခံခဲ့ရသည့်​ သတင်းမှာ မြို့​တော်​တခုလုံးတွင်​ ဝဲလည်​လှည့်​​နေသည်​။ သူမက လက်​​​တောင်​ မထပ်​ရ​သေး​ပေမယ့်​ ​စေ့စပ်​​ကြောင်းလမ်းခြင်း ဖျက်​သိမ်းလွှာစာချုပ်​ရရှိသွားပြီး ထိုစာကို လုံဇယ်​ကျင့်​ထျန်းက ​သွေးဖြင့်​ ​ရေးခဲ့သည်​။ မုရုံချီချီက ထိုနှစ်​၏ အ​ကျော်​ကြားဆုံးသူ တဖန်​ဖြစ်​လာပြန်​သည်​။

"သခင်​မ​လေး... အခုချိန်​မှာ သခင်​မ​လေး စွန့်​ပစ်​ခံရတဲ့ သတင်းက ပုံစံဆယ်​မျိုး​လောက်​ ကွဲ​နေတယ်​"

စွေ့ကျူးခြံဝန်းအတွင်းတွင်​ စုမိန်​ပါးစပ်​မှာ ပိတ်​မရနိုင်​​ပေ။

"လူ​တွေ လက်​အခံဆုံးတခုက​တော့ သခင်​မ​လေး​နဲ့ လျန်​သခင်​​လေးတို့ရဲ့ က​လေးဟာ ၂နှစ်​​တောင်​ ရှိပြီတဲ့! သခင်​မ​လေးတို့ နှစ်​​ယောက်​က သွမ်​မုဖူမှာ တိတ်​တိတ်​​လေး ချိန်း​တွေ့ကြတာတဲ့! ရလဒ်​က​တော့ ကျင်းဝမ်​က သခင်​မ​လေးတို့နှစ်​​ယောက်​ကို အိပ်​ရာ​ပေါ် ဖမ်းမိသွားတာပဲ!သူက ​သွေး​တွေ နံရံ​ပေါ် ပန်းထွက်​တဲ့ထိ ​ဒေါသဖြစ်​သွား​ရော...  ​နောက်​ဆုံး​တော့ သူက အမျက်​​ချောင်း​ချောင်းထွက်​ပြီး ​သွေးနဲ့ ​ရောတဲ့ မျက်​ရည်​ကို အသုံးပြုပြီး ​စေ့စပ်​​ကြောင်းလမ်းခြင်းဖျက်​သိမ်းလွှာကို ​ရေးလိုက်​တယ်​တဲ့!"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now