Chapter 31

283 28 3
                                    

Zawgyi Version

အခု​လေးတင်​ နန်း​တွင်းထဲ သူ ဝင်​​ရောက်​ခဲ့စဉ်​က မုရုံချီချီကိစ္စ​ကြောင့်​ မင်းကြီးက သူ့အား အပြစ်​​ပေးမည်​ကို မုရုံထိုက်​က စိုးရိမ်​ခဲ့သည်​။ လုံဇယ်​ယုက သူမကို မင်းသမီးအဆင့်​အတန်း ​ပေးအပ်​၍ ​ပေကျိုးတိုင်းပြည်မှ ဖုန်းချန်​နှင့်​ လက်​ထပ်​​ပေးမည်​ဟု သူ ထင်​မထားခဲ့​ပေ။

ဖုန်းချန်​၏ ​သေဆုံးသွား​သော ဖခင်​ ဖုန်းရှဲ့အ​ကြောင်း ​တွေးမိ​သောအခါ မုရုံထိုက်​၏ နှလုံးသားက ခါးသီး​သော ဟင်းခတ်​အရသာမှုန့်​ ပက်​ဖြန်းခြင်း ခံလိုက်​ရသလို ဆိုးရွား​သော အရသာကို ခံစားလိုက်​သည်​။ အစမှ အဆုံးထိ သူနက်​နက်​ရှိုင်းရှိုင်း ချစ်​ရသည့်​ မိန်းမတ​ယောက်​၏ နှလုံးသားထဲတွင်​ ထို​ယောက်ျားကသာ ​နေရာယူထားသည်​။ သူ ​သေဆုံးသွားသည့်​တိုင်​ သူမက ဘုရား​​ကျောင်းမှာ ဝတ်​ပြုဆု​တောင်းရင်း ​နေဖို့ကိုသာ စိတ်​အားထက်​သန်​​နေသည်​။ သူမက မုရုံထိုက်​နှင့်​ သူတို့၏ သမီးနှစ်​​ယောက်​က တချက်​​လောက်​ ကြည့်​ရန်​ပင်​ ဘုရား​ကျောင်းထဲမှ ​ခြေတလှမ်းမျှ အပြင်​ထွက်​မလာခဲ့​ပေ။

သူ့စိတ်​ထဲတွင်​ မုရုံထိုက်​က မုရုံချီချီအား ဖုန်းချန်​ဖြင့်​ လက်​မထပ်​​ပေး​စေလို​ပေ။ သူမက အမှိုက်​မတ​ယောက်​သာ ဖြစ်​​သော်​လည်း ​နောက်​ဆုံးတွင်​ သူမက သူ့၏ ​အ​သွေးအသား ဖြစ်​​နေ​သေးသည်​။

သူ့၏ ဇနီး လီချိုး​ရွှေမှာ သူမဘဝတ​လျှောက်​လုံး ​တွေး​တောပြီး လွမ်းဆွတ်​ခဲ့သည့်​ တဦး​တည်း​သော သူသည်​ ဖုန်းချန်​၏အ​ဖေ ဖုန်းရှဲ့ပင်​ ဖြစ်​သည်​။ အခု သူ့သမီးက ချုံးဇီလုပ်​ရန်​အတွက်​ ဖုန်းချန်​ကို လက်​ထပ်​ရ​တော့မည်​။ ဒါကို ဘယ်​သူပဲ ကြည့်​ပါ​စေ အကျိုးအမြတ်​ရလိုက်​သည့်​ သူမှာ ဖုန်းမိသားစုပင်​ ဖြစ်​သည်​။ ဒါက ​ယောက်ျားတ​ယောက်​အ​နေဖြင့်​ မုရုံထိုက်​၏ မာနနှင့်​ သိက္ခာက ခွင့်​ပြုမ​ပေးနိုင်​​ပေ။

ဒါ​ပေမယ့်​ ဖုန်းချန်​ကို မုရုံချီချီက လက်​ထပ်​ခြင်းကသာ လီချိုး​ရွှေ၏ အပြုံး​တွေကို ပြန်​လည်​ယူ​ဆောင်​လာနိုင်​မည်​ဆိုပါက၊ မုရုံချီချီကို စ​တေးလိုက်​ရခြင်းသည်​ ဘုရား​ကျောင်းထဲတွင်​ ဆယ့်​ငါးနှစ်​လုံးလုံး ​နေလာသည့်​ လီချိုး​ရွှေအား ဘုရား​ကျောင်းအပြင်​ထွက်​ပြီး သူ့ကို လာကြည့်​​စေလျှင်​ တချက်​​လေးပဲ ဖြစ်​​စေရင်​​တောင်​ သူက မုရုံချီချီကို စွန့်​ပစ်​နိုင်​သည်​...

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now