Chapter 23

244 33 2
                                    

Zawgyi Version

"အစ်​ကို... ဒီကိစ္စကို စိုးရိမ်​စရာ မရှိပါဘူး။ သူ မိန်းမလှ​လေးကို ရ​စေ​အောင်​ လုံဇယ်​ကျင့်​ထျန်းနဲ့ မုရုံချီချီတို့ရဲ့ ​စေ့စပ်​​ကြောင်းလမ်းထားမှုကို ပန်​ကုန်းက ဖျက်​​ပေးမယ်​လို့ ကတိ​ပေးထားတာပါ။ သူ့လို လူတ​ယောက်​က လှည့်​ကွက်​​တွေ​တော့ မလုပ်​​လောက်​ပါဘူး"

ထိုသို့ ​ပြောရင်းဖြင့်​ သွမ်​မုချင်းက မုရုံချီချီအား မနာလိုဖြစ်​မိသည်​။ မုရုံချီချီသည်​ ရုပ်​ရည်​​ရော အရည်​အချင်း​ရောပါ မရှိ​သော်​လည်း ဒီလို​ချော​မောခန့်​ညားသည့်​ လူတ​ယောက်​ကို သူမ​ခြေရင်းဝပ်​ဆင်း​အောင်​ ပြုလုပ်​နိုင်​သည်​။ သနားစရာ​ကောင်းသည့်​ တ​ယောက်​မှာ သူမပင်​။ သူမသည်​ သွမ်​မုမိသားစု၏ အကြီးဆုံးသခင်​မ​လေး... မိဖုရား​ခေါင်​တ​ယောက်​... နန်း​ဆောင်​​ခြောက်​ခု၏ ဦး​ဆောင်​သူတ​ယောက်​ ဖြစ်​​သော်​လည်း ဧကရာဇ်​က သူမကို မည်​သို့ဆက်​ဆံသနည်း?

ဧကရာဇ်​၏ ချီး​မြှောက်​မှုသည်​ ခဏတာသာ ဖြစ်​​သော​ကြောင့်​ သူမက အိမ်​​ရှေ့စံမင်းသားကို ​မွေးဖွားနိုင်​မှ ဖြစ်​မည်​။ သွမ်​မုချင်းက သူမအင်္ကျီလက်​ထဲမှ လက်​ကို တင်းတင်းဆုပ်​ထားလိုက်​သည်​။

"သခင်​... သခင်​မ​လေး..."

တံခါးတွင်​ ​စောင့်​​နေ​သော စုယွဲ့သည်​ မုရုံချီချီအား ​ယောက်ျားတ​ယောက်​မှ ဆွဲ​ခေါ်ခြင်း ခံလာရသည်​ကို မြင်​​သောအခါ သူမ​မေးရိုး​တောင်​ ပြုတ်​ကျမတတ်​ပင်​။ ဒီလူက ဘယ်​သူလဲ? သူက သခင်​​မ​လေးအ​ပေါ် သူ့လက်​ကို​တောင်​ တင်​ရဲ​နေတယ်​!!

"သွားရ​အောင်​!"

မုရုံချီချီက သူမလက်​ကို ပြန်​ဆွဲထုတ်​ချင်​​သော်​လည်း တဖက်​လူက သူမအား တင်းတင်းကြပ်​ကြပ်​ ဆုပ်​ကိုင်​ထား​လေသည်​။

"မသွားရဘူး!"

လျန်​သခင်​​လေးသည်​ အ​ပျော်​သ​ဘောဆန်​သည့်​ အမူအယာမျိုး ရှိ​နေ​သေး​သော်​လည်း မုရုံချီချီသည်​ သူ့မျက်​လုံးများမှ ​ရောင်​ပြန်​လက်​​နေသည့်​ ခံစားချက်​များကို မဖတ်​နိုင်​ပါ။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now