Chapter 21

278 35 0
                                    

Zawgyi Version

ဧကရာဇ်​လုံဇယ်​ယုတွင်​ သား​တော်​သုံးပါး၊ သမီး​တော်​ နှစ်​ပါး ရှိ၏။ ကျင်းဝမ်​ လုံဇယ်​ကျင့်​ထျန်းမှာ အသက်​ ၁၈နှစ်​ ရှိပြီး သူ၏ မယ်​​တော်​မှာ ​ဖေး​လေးပါးထဲမှ တပါးဖြစ်​သူ ရှန်​​ဖေး ဟဲရှင်းအာ ဖြစ်​သည်​။

ဧကရာဇ်​တွင်​ ​ကွေ့​ဖေး၊ တယ့်​​ဖေး၊ ရှု​ဖေး၊ ရှန်​​ဖေးဟု ​ဖေး​လေးပါး ထားနိုင်​သည်​။

ဝေဝမ်​ လုံဇယ်​ကျင့်​မင်​သည်​ အသက်​ ၁၂နှစ်​ ရှိပြီ ဖြစ်​ပြီး သူ၏ မိခင်​မှာ ရာထူး​စောင့်​ဆိုင်း​နေရေ သာမာန်​မိန်းက​လေး ဖြစ်​သည်​။ ​ကျောက်​ဝမ်​ လုံဇယ်​ကျင့်​ချီမှာ ၉နှစ်​ရှိပြီး သူ့မယ်​​တော်​မှာ တယ့်​​ဖေး ပိုင်​မုံယွီ ဖြစ်​သည်​။ အကြီးဆုံးသမီး​တော်​ ပင်းယန်​မင်းသမီး လုံဇယ်​ယွီအာမှာ ၁၅ နှစ်​ ရှိပြီး သွမ်​မုချင်းက ​မွေး​ဖွားထားသည်​။ အငယ်​ဆုံးသမီး လုံဇယ်​ကျင့်​အာမှာ ၃နှစ်​ ရှိပြီး ဟွမ်​​ကွေ့​ဖေး မုရုံရွှမ်​လျန်​မှ ​မွေးဖွားထားသည်​။

သွမ်​မုချင်း လုံဇယ်​ယွီအာကို ​မွေးသည့်​နှစ်​က ​မွေးဖွားရခက်​ခဲခဲ့သည်​။ ကြီးမားသည့်​ ခက်​ခဲမှုနှင့်​ အတူ မိခင်​​ရော က​လေးပါ အသက်​အန္တရာယ်​ကင်းခဲ့​သော်​လည်း သူမကိုယ်​မှာ ထိခိုက်​ခဲ့သည်​။ ထိုစဉ်​ကတည်းက သူမမှာ ​နောက်​ထပ်​ ကိုယ်​ဝန်​မရနိုင်​​တော့​ပေ။ သားတ​ယောက်​ မရရှိခဲ့ခြင်းသည်​ သွမ်​မုချင်း၏ အကြီးမားဆုံး ​နောင်​တ ဖြစ်​သည်​။ အခု လုံဇယ်​ကျင့်​ထျန်းက အိမ်​​ရှေ့စံမင်းသား ဖြစ်​လာနိုင်​သည်​ဟု​သော ​ကောလဟလသည်​ ​ရေပန်းစား​နေ​သော​ကြောင့်​ သွမ်​မုချင်းအား ဖိအားများစွာ ခံစားရ​စေသည်​။

သူမ ​မွေး​သော သားသည်​သာ တရားဝင်​သား ဖြစ်​ပြီး ထီးနန်းကို ဆက်​ခံနိုင်​​သော အရည်​အချင်း ရှိသည်​ဟု သွမ်​မုချင်းက ထင်​​သော်​လည်း ဆယ်​နှစ်​တာအတွင်း သူမ ဝမ်းဗိုက်​မှာ အနည်းငယ်​မျှပင်​ လှုပ်​ရှားမှု မရှိခဲ့​ပေ။ သူမ မည်​မျှပင်​ ​ဆေးများ စားပါ​စေ ပို​ကောင်းမလာခဲ့​ပေ။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now