Chapter 28

252 28 0
                                    

Zawgyi Version

"​သေချာတယ်​... မင်းက အပြင်​မှာ ​ပြော​နေကြသလိုပဲ အရှက်​မရှိဘူးပဲကိုး! မုရုံချီချီ... မင်းရဲ့ အစ်​မတ​ယောက်​အ​နေနဲ့ အရှက်​က ဘာလဲဆိုတာ ငါ ဒီ​နေ့ သင်​​ပေးမယ်​!"

သူမပါးစပ်​က ထိုစကား​ပြော​နေရင်းမှ မုရုံရှင်းလျန်​လက်​ထဲမှ ကြာပွတ်​က ညှာတာမှုကင်းမဲ့စွာ မုရုံချီချီမျက်​နှာဆီကို ပျံသန်းသွားသည်​။ ကြာပွတ်​က မုရုံချီချီ၏ တည်​ငြိမ်​​နေ​သော မျက်​နှာနှင့်​ နီးကပ်​လာသည်​ကို မြင်​​သောအခါ မုရုံရှင်းလျန်​၏ မျက်​နှာ​ပေါ်မှ အပြုံးသည်​ ပို၍ ပို၍ ရက်​စက်​လာသည်​။ အ​မေ... ဒီ​နေ့ သမီး ဒီအမှိုက်​မကို သတ်​ပြီး အ​မေ့အတွက်​ လက်​စား​ချေ​ပေးပါ့မယ်​!

"ဖြန်း!"

မုရုံရှင်းလျန်​ အိမ်​မက်​​မက်​​နေစဉ်​မှာပဲ သူမမျက်​နှာက နာကျင်​မှုကို ခံစားလိုက်​ရသည်​။ သူမဘယ်​ဘက်​မျက်​လုံး​အောက်​မှ ​သွေးစီး​ကြောင်းသည်​ သူမနှုတ်​ခမ်း​ထောင့်​သို့ ​ရောက်​ရှိသွားသည်​။

ဘာလဲ? ကြာပွတ်​က တကယ်​ပဲ စက်​ဝိုင်းတခုလို လှည့်​ပြီး သူမရဲ့ မျက်​နှာကို ပြန်​ရိုက်​မိတယ်​! ဘာ​တွေ ဖြစ်​ကုန်​တာလဲ? မုရုံရှင်းလျန်​က မီး​လောင်​သလို ပူ​လောင်​​နေ​သော သူမမျက်​နှာကို အလွန်​အံ့အားသင့်​​နေ​သော အမူအယာဖြင့်​ ထိ​တွေ့လိုက်​သည်​။

"အိုက်​ယား!"

စုမိန်​က သူမပါးစပ်​ကို အုပ်​ကာ အံ့သြသလို အမူအယာဖြင့်​ ​အော်​ဟစ်​လိုက်​သည်​။

"ဒုတိယသခင်​မ​လေး... ရှင့်​မှာ ညှင်းပန်းနှိပ်​စက်​ခံရခြင်းမှာ သာယာတတ်​သူဖြစ်​ပြီး ကိုယ့်​ကိုယ်​ကိုယ်​ ကြာပွတ်​နဲ့ ရိုက်​ရတာ ကြိုက်​တယ်​လို့ မ​တွေးမိဘူးလား? ရှင်​က S&M များ ဖြစ်​​နေမလား? ဒါဆိုရင်​ ရှင့်​ရဲ့ အနာဂတ်​ခင်​ပွန်း​လောင်းက​တော့ အရမ်း​ပျော်​​နေ​တော့မှာပဲ!"

***S&M - ကိုယ့်​ကိုယ်​ကိုယ်​​ရော သူများနှိပ်​စက်​ခံရခြင်းဖြင့်​ ကာမဂုဏ်​ခံစားတတ်​သူ မြန်​မာလို ​ရေးရတာ အဆင်​မ​ပြေမလို့ S&Mလို့ပဲ တိုက်​ရိုက်​​ရေးလိုက်​ပါတယ်​***

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now