Chapter 4

638 56 0
                                    

Zawgyi

ည....။

တကယ့်ကို တိတ်ဆိတ်နေသည်။ တခါတရံ... အကောင်တွေရဲ့ မြည်တန်းသံနဲ့ မြက်ခင်းပြင်ကို ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေသံကို ကြားနေရသည်။ လသည် နက်ပြာရင့်ရောင်ကောင်းကင်ဖြင့် ဘောင်ကွပ်ထားသည်။ လရောင်အောက်တွင် ရေကန်တကန်မှာ ရေငွေ့တွေတထောင်းထောင်းထကာ မြူခိုးတွေလို ဖုံးလွှမ်းနေသည်။ အဖြူရောင်မြူခိုးတွေကြားတွင် တင့်တယ်တဲ့ပုံရိပ်တခုဟာ ခပ်ရေးရေးသိသာထင်ရှားစွာ ပေါ်လွင်နေသည်။

"သခင်မလေး... ကျွန်မ ရှာတွေ့ခဲ့ပါပြီ"

ရေကန်ရဲ့ တဘက်တွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော သူတယောက်သည် ရေကန်ထဲရှိအလှလေးကို သူမ၏ရိုသေလေးစားမှုကို ပြသရန်အလို့ငှါ ဒူးတဖက်ထောက်ပြီး ခေါင်းကို ငုံ့ထားသည်။

"အမ်... ပြောစမ်း"

ထိုမိန်းမငယ်လေးရဲ့အသံသည် တောင်ပေါ်မှာသန့်ရှင်းကြည်လင်တဲ့ နွေဦးရာသီကဲ့သို့ သာယာစွာ ထွက်ပေါ်လာသည်။ ဒီလို တိတ်ဆိတ်တဲ့ညတွင် ထိုအသံသည် သိသိသာသာကို သာယာဖွယ်ကောင်းလှသည်။

"လွန်ခဲ့တဲ့ ငါးနှစ်က သခင်မလေးနဲ့ မုရုံရှင်းလျန်ဟာ ကွေ့ရန်မုရုံရွှယ်လျန်ဆီကို အလည်အပတ်သွားဖို့ နန်းတွင်းကို ဝင်ခဲ့ကြပါတယ်... မုရုံရွှယ်လျန်ကို မင်းကြီးက ပေးသနားထားတဲ့ ညလင်းပုလဲကို သခင်မလေးက ခိုးယူခဲ့ပါတယ်... မုရုံရှင်းလျန်က ရှာတွေ့ပြီး ဝန်ကြီးချုပ်မုရုံထိုက်​ကို တိုင်ကြားခဲ့ပါတယ်... မုရုံထိုက်​က အိမ်တော်ရဲ့စည်းကမ်းအတိုင်း သခင်မလေးကို အပြစ်ပေးခဲ့ပါတယ်( သစ်သားတုတ်ဖြင့် နောက်ကျောကို ရိုက်ခြင်း) ... ထို့နောက် သခင်မလေးကို ကျင့်ရှင်းအန်ကို ပို့ပေးခဲ့ပါတယ်"

***ကျင့်ရှင်းအန် => သီလရှင်ကျောင်းနာမည်***

ဒါကို ကြားပြီးနောက် မိန်းမပျိုလေးက တခစ်ခစ်ရယ်မောလိုက်သည်။

ဒါဆို အကြောင်းပြချက်က ထွက်လာပြီပေါ့။ သီလရှင်ကျောင်းရဲ့ အနောက်ဘက်မှာ ရှိတဲ့ အိမ်ပျက်လေးထဲမှာ သူမနိုးထလာတဲ့အခါ သူမဘေးမှာ လူတယောက်မှ မရှိခဲ့တာကို အံ့သြစရာမရှိတော့ပါဘူး။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now