Chapter 12

282 36 0
                                    

Zawgyi version

"တတိယသခင်မလေး... ရှင့်အတွက်ကို ကျွန်မတို့ဒုတိယသခင်မလေးကိုယ်တိုင် ဖိတ်ကြားလွှာရေးပေးထားတာ... ရှင်မို့လို့ တကယ်ပဲ အကျည်းတန်တဲ့ ဘဝင်မြင့်မှုတွေနဲ့ မလာဘဲ နေချင်သေးတာလား? ဒုတိယသခင်မလေးက ရှင့်ကို သတိရမိတာကြောင့်သာ မဟုတ်ရင် ဒီလိုပူလောင်နေတဲ့အချိန်ကြီးမှာ ဒီတတိယသခင်မလေးဖြစ်တဲ့ ရှင့်ဆီကို ကျွန်မက အလည်အပတ်ရောက်လာချင်တယ်များ ထင်နေလား?"

ဖေးချွေ့က အများကြီးပြောခဲ့သော်လည်း မုရုံချီချီ၏ တိုက်ရိုက်ငြင်းဆန်ခြင်းကို ခံရခြင်းက သူမအား မျက်နှာပျက်စေသည်။ ဒီအချိန်တွင် ဖေးချွေ့သည် ပါးနှစ်ဖက် နီရဲနေအောင် ဒေါသဖြစ်မိသည်။ သူမပါးစပ်မှ ရိုင်းစိုင်းသော စကားလုံးများ သွန်ထွက်လာသည်။

"ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာ ဘာလို့ ပြန်မကြည့်တာလဲ? နင်ကိုယ်နင် အရေးပါတဲ့ တစုံတယောက်လို့များ တကယ်ထင်နေတာလား? ပွင့်ပွင့်လင်းလင်းပြောရရင် နင်က အမှိုက်မတယောက်ပဲ! နင်ကိုယ်နင် အရောင်တင်ပြရဲသေးတယ်နော်!"

မူလက ဖေးချွေ့သည် မုရုံချီချီ၏ အစေခံခေါင်းဆောင် ဖြစ်ခဲ့သည်။ တတိယသခင်မလေး၏ မပြီးပြည့်စုံမှုကို သူမသည် အထင်အမြင်သေးခဲ့ပြီးနောက် မုရုံရှင်းလျန်ကို မှီခိုရန် သွားခဲ့သည်။ အဲ့ဒီနေ့မှာ မုရုံချီချီရောက်လာဖို့ လိုအပ်နေတယ်လို့သာ သူမ သိထားခဲ့တာ မဟုတ်လျှင် ဒီအမှိုပ်မနှင့် စကားအကြာကြီးပြောဖို့ သူမ အလွန်ပင် ပျင်းရိလှသည်။

မုရုံချီချီက သူမမျက်လုံးကို မှေးကျဉ်းလိုက်ရင်း ဖေးချွေ့၏ ပါးစပ်အား ကြည့်လိုက်သည်။ ဖေးချွေ့ရဲ့ အရင်က ကိစ္စတွေကိုတောင် သူမ ထည့်မတွက်ရသေးဘူး။ ဖေးချွေ့ရဲ့စိတ်ဓာတ်က အဆိုးဆုံးထိ ပြောင်းလဲသွားမယ်လို့ သူမ ထင်မထားမိခဲ့ပေ။ တခွန်းပြီး တခွန်း 'အမှိုက်မ'ဆိုတဲ့ စကားလုံးတွေ ဖေးချွေ့ပါးစပ်ဖျားမှ ထွက်ကျလာခြင်းက မုရုံချီချီနှလုံးသားမှ ဆံပင်ပေါက်လာအောင်ပင် ဒေါသဖြစ်စေသည်။

"နင် ပြောလို့ ပြီးပြီလား?"

မုရုံချီချီအသံမှာ အလွန်ပင် အေးစက်လာသည်။ သူမနှင့် အနေကြာရင်းနှီးနေသည့် စုမိန်နှင့် စုယွဲ့သည် ဒါက မုရုံချီချီဒေါသဖြစ်ခြင်း၏ ရှေ့ပြေးနိမိတ်ဆိုတာကို နားလည်လေသည်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now