Chapter 15

270 38 2
                                    

Zawgyi Version

"ဝမ်းကွဲညီမ ငါ မင်းနိုင်​မယ့်​ဘက်​က ​လောင်းမယ်​!"

လူ​တွေကို တကြိမ်​ တုန်​လှုပ်​အံ့အားသင့်​​အောင်​ ပြုလုပ်​ရတာ မ​ကျေနပ်​နိုင်​​သေး​သော လီယွင်​ချင်းသည်​ စကားလုံးတချို့ကို ထုတ်​လာရင်း လူ​တွေအား မူး​ဝေသွား​စေသည်​။

သူသည်​ သူ့ခန္ဓာကိုယ်​​ပေါ်မှ အ​ထိန်းအမှတ်​တံဆိပ်​ကို ယူ၍ စားပွဲ​ပေါ်သို့ ပစ်​တင်​လိုက်​သည်​။

" ဒါ ငါတို့ လီမိသားစုရဲ့  အထိမ်းအမှတ်​တံဆိပ်​ပဲ! အနိုင်​ရရှိသူရဲ့ ဆုတံဆိပ်​အဖြစ်​ မှတ်​ယူကြတာ​ပေါ့"

"ယွင်​ချင်း... မင်း ရယ်​စရာ​ပြော​နေတာများ ဖြစ်​​နေမလား? "

ဘေးနားက ပိုင်​မု​ဖေးသည်​ အ​ထိန်းအမှတ်​တံဆိပ်​ကို ​ကောက်​ယူပြီး ​အချိ​န်​အကြာကြီး ကြည့်​လိုက်​သည်​။

"ဒဏ္ဍာရီထဲက လုံဟူလင်​ဆိုတာများ ဖြစ်​​နေမလားပဲ! ငါ ဒီတံဆိပ်​ပြားအ​ကြောင်း ကြားဖူးတယ်​။ မင်း လီမိသားစုက လူတိုင်းကို ဘာမဆိုလုပ်​ဖို့ အမိန့်​​ပေးနိုင်​တယ်​ဆိုတာ..."

"ဟုတ်​တယ်​! ဒါက လုံဟူလင်​ပဲ!"

လုံဟူလင်​က ဘာလဲဆိုတာ မုရုံချီချီက မသိ​ပေမယ့်​ မုရုံမိသားစုအပါအဝင်​ တခြားမိသားစုကြီးသုံးခုက​တော့ လီမိသားစုတွင်​ လုံဟူလင်​၏ အ​ရေးပါပုံကို သိကြသည်​။

လီယွင်​ချင်းက​တော့ လုံဟူလင်​ကို ​မုရုံချီချီအတွက်​ ​ပေါ့​ပေါ့ပါးပါးနှင့်​ ​လောင်း​ကြေးထပ်​လိုက်​သည်​။ ​နောက်​ဆုံးမှာ သူ ဘာ​တွေ ကြံစည်​​နေတာလဲ?

"ဝမ်းကွဲညီမ ငါ ငါတို့မိသားစုရဲ့ ဘဝ​တွေကို မင်းလက်​ထဲ ထည့်​ထားတယ်​။ မင်းသာ ရှုံးသွားရင်​ ငါအိမ်​​ပြန်​​ရောက်​​တော့ ဘိုး​ဘေး​ခန်းမမှာ ငါ ဒူး​ထောက်​​နေဖို့ လိုအပ်​လိမ့်​မယ်​"

လီယွင်​ချင်း၏ တည်​ငြိမ်​​အေး​​ဆေးသည့်​ စကားသံနှင့်​ ​ကျောက်​စိမ်း​ရောင်​ အဝတ်​အစား ဝတ်​ဆင်​ထားပုံသည်​ သူ့အား ပိုပြီး ဂုဏ်​သိက္ခာရှိပုံ​ပေါ်သည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now