Chapter 26

261 31 1
                                    

Zawgyi Version

မုရုံချီချီ၏ ကျိုးနွံမှုက သွမ်​မုချင်းအား အလွန်​​ပျော်​ရွှင်​​စေသည်​။ အထူးသဖြင့်​ အိမ်​​ရှေ့စံမင်းသားဟူ​သော ​နောက်​ဆုံးစကားသည်​ သွမ်​မုချင်းအား အလွန်​​ကောင်းမွန်​​စေသည်​။ သူမက ချက်​ချင်း ကိုယ်​ဝန်​​ဆောင်​နိုင်​ပြီး သားတ​ယောက်​ကို ​မွေးဖွားကာ ထီး​နန်းဆက်​ခံနိုင်​သကဲ့သို့ သူမဗိုက်​ကို ပုတ်​​နေသည်​။

"ပန်​ကုန်းသာ အိမ်​​ရှေ့စံမင်းသား​လေးကို ​မွေးဖွားနိုင်​ခဲ့ပြီးရင်​ ပထမဆုံး ဆုချီးမြှင့်​ခံရမယ့်​ သူက မင်းပဲ!"

ချင်းလွမ်​နန်း​ဆောင်​သို့ သွမ်​မုချင်း ​ရောက်​ပြီး သိပ်​မကြာခင်​ လုံဇယ်​ယုက ​ရောက်​ရှိလာသည်​။ သွမ်​မုချင်းက လုံဇယ်​ယုအား မြင်​​သောအခါ အရမ်းအံ့သြသွားသည်​။ ကျင်​မိုကိစ္စကို သူသိပြီးသွားလို့များလား? သူမက ​ဖြေရှင်းချက်​​ကောင်း​ကောင်း​ပေးဖို့​တောင်​ မစဉ်းစားရ​သေးဘူး! လုံဇယ်​ယုက သူမကို မချစ်​​ပေ။ သူက ဒီဆင်​​ခြေကို သုံး၍ ​ပေကျိုးနှင့်​ ပူး​ပေါင်းပါသည်​ဟု သွမ်​မုမိသားစုအား အပြစ်​ဖို့လျှင်​ သူမ ဘယ်​လိုလုပ်​ရမည်​နည်း? တခဏအတွင်းမှာပင်​ သွမ်​မုချင်း၏ စိတ်​မှာ အမျိုးမျိုး​ပြောင်းလဲ​နေသည်​။ သူမစိတ်​​တွေ အလွန်​တင်းကြပ်​လာ​သော​ကြောင့်​ သူမလက်​ဖဝါးတွင်​ ​ချွေးများပင်​ စိုစွတ်​လာသည်​။

"မိဖုရား​ခေါင်​ကြီး... ကျန်း ဒီ​နေ့ မင်းကို ​ပြောစရာရှိလို့ လာခဲ့တာပဲ!"

သွမ်​မုချင်း ​မျှော်​လင့်​ထားသည့်​ အရာသည်​ ဖြစ်​မလာခဲ့ပါ။ လုံဇယ်​ယုက သူ့၏ ပုံမှန်​ပုံစံကို ​ပြောင်းလဲလိုက်​ပြီး သူမနား ကပ်​ထိုင်​လိုက်​သည်​။ သူက သူမလက်​ကို သူ့လက်​ဖဝါးထဲ ထည့်​လိုက်​သည်​။ ဒီလိုရင်းနှီးကျွမ်းဝင်​သည့်​ အပြုအမူက သွမ်​မုချင်းအား ​တွေ​ဝေသွား​စေသည်​။ သူတို့ကြားမှာ ဒီလိုရင်းနှီးတဲ့ အပြုအမူမျိုး မရှိခဲ့တာ ဘယ်​​လောက်​ကြာပြီလဲ? တစ်​နှစ်​လား သုံးနှစ်​လား ဒါမှမဟုတ်​ ငါးနှစ်​ရှိပြီလား? သွမ်​မုချင်း သူမကိုယ်​တိုင်​ပင်​ မမှတ်​မိနိုင်​​တော့ပြီ!

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now