Chapter 17

258 41 0
                                    

Zawgyi Version

"​ဖြောင်း ​ဖြောင်း ​ဖြောင်း!"

ပိုင်​မူ​ဖေးက ပထမဆုံး လက်​ခုပ်​စတီးသူ ဖြစ်​သည်​။

"နား​ထောင်​ရတာ ​ပျော်​ရွှင်​မှု ရှိတာထက်​ကို ပိုတယ်​။ သဘာဝတရားရဲ့ အသံနဲ့​တောင်​ တူတယ်​။ စာသား​ကောင်း၊ သံစဉ်​​ကောင်း၊ အသံ​ကောင်းနဲ့ ​ကောင်းမွန်​တဲ့ ချင်​တီးခတ်​မှု စွမ်းရည်​ပဲ! ဒါနဲ့တင်​ ရှင်းဖူကို လာရတာ တန်​​နေပါပြီ"

"​ကျေးဇူးပါပဲရှင်​"

မုရုံချီချီက ​ကျောက်​တုံး​ပေါ်တွင်​ ထရပ်​လိုက်​ပြီး ​အောက်​သို့ ခုန်​ဆင်းလိုက်​သည်​။ သူမဝတ်​စုံမှာ နတ်​သမီးတပါးလို ပျံဝဲ​နေကာ သွမ်​မုရီရီ၏ ​ရှေ့တွင်​ ​ခြေချလိုက်​သည်​။

"သွမ်​မုသခင်​မ​လေး... ရှင့်​အလှည့်​ပဲ!"

"ကျွန်​မ..."

ဘာ​ကြောင့်​မှန်းရယ်​ မသိ မုရုံချီချီက တခြားလူတ​ယောက်​လို ​ပြောင်းလဲသွားတယ်​လို့ မုရုံချီချီက ခံစားလိုက်​မိသည်​။ သူမကိုယ်​မှ ထွက်​​ပေါ်လာ​သော အလင်း​ရောင်​သည်​ ​တောက်​ပ​နေပြီး သွမ်​မုရီရီနှလုံးသားအားေ​ကြာက်​ရွံ့​စေသလို ခံစားမိသည်​။

မရှုံးနိုင်​ပါဘူး! သွမ်​မုရီရီက အံ့ကြိတ်​လိုက်​ပြီး ကူချင်​၏ ​ရှေ့တွင်​ ထိုင်​လိုက်​သည်​။ သူမလက်​​ချောင်းများက ကြိုးကို တီး​ခတ်​လိုက်​​သော်​လည်း အနည်းငယ်​ တုန်​ယင်​​နေသည်​။

အစက သူမက မုရုံချီချီကို အရင်​တီးခတ်​​စေပြီး တဖက်​လူရဲ့ အစွမ်းအစကို သိသွားတဲ့အချိန်​မှ သူမက အလွန်​အလွန်​​ကောင်း​သော သံစဉ်​ဖြင့်​ သီချင်း​ကောင်းပုဒ်​ကို ​ရွေးချယ်​ကာ အားလုံးအား အံ့သြသွား​အောင်​ လုပ်​လိုက်​မည်​ဟု ​တွေးထားခဲ့သည်​။ မုရုံချီချီက အရမ်း​ကောင်း​နေလိမ့်​မည်​ဟု သူမ ထင်​မထားခဲ့​ပေ။ သူမက ဒီအမှိုက်​မကို ရှုံးခဲ့ရင်​ ​နောင်​ကို သူမက လူ​တွေနဲ့ ဘယ်​လို မျက်​နှာချင်းဆိုင်​ ရမလဲ?

"ဘန်း..."

စူးစူးဝါးဝါး အသံတချက်​ ထွက်​​ပေါ်လာသည်​။ သွမ်​မုရီရီမှာ ဖြူ​လျော်​သွားသည်​။ သူမနှုတ်​ခမ်းများမှာလည်း တဆတ်​ဆတ်​တုန်​ယင်​​နေသည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now