Chapter 2

1.4K 55 3
                                    

Zawgyi Version

ဘုရင့်မိဖုရားများရဲ့အဆင့်အတန်းများ

သုံးနှစ်တကြိမ် အသက် ၁၃နှစ်မှ ၁၆နှစ်ကြား မိန်းမပျိုလေးများဟာ နန်းတော်ထဲမှာ "မိန်းမလှလေးများ ရွေးကောက်ပွဲ" ကို ဝင်ရောက်ရွေးချယ်ခံရဖို့ သူတို့ကိုယ်တိုင် လက်ဆောင်အနေနဲ့ ပါဝင်ရွေးချယ်ခံရတယ်။ ရွေးကောက်ပွဲမှာ အပိုင်း ၂ပိုင်းခွဲထားလေ့ရှိတယ်။
တပိုင်းကတော့ မိနိးမလှလေးတွေလို့ အသိအမှတ်ပြုခံရတဲ့ ဘုရင့်အမှုထမ်းတွေရဲ့ သမီးတွေ။ အဲ့ဒီ မိန်းမလှလေးတွေဟာ စစ်ဆေးခြင်းခံရတယ်.. စစ်ဆေးခြင်းကို ကျော်ဖြတ်နိုင်တဲ့သူတွေက ပိုမြင့်တဲ့အဆင့်ကို ရပြီး ထပ်မံစစ်ဆေးခံရတယ်.. စစ်ဆေးမှုတဆင့် ပြီးတိုင်းပြီးတိုင်း မအောင်မြင်တဲ့သူတွေဟာ ဖယ်ထုတ်ခံရတယ်.. စစ်ဆေးမှုအကုန်လုံးကို အောင်မြင်တဲ့သူတွေကတော့ သူတို့ကိုယ်သူတို့ ဘုရင့်အတွက် ဆက်သကြရတယ်.. ဘုရင်၊ မိဖုရားခေါင်ကြီး၊ တခါတရံ မယ်တော်ကြီးကိုယ်တိုင်က သူတို့ကြိုက်နှစ်သက်တဲ့ မိန်းမပျိုလေးတွေကို ရွေးချယ်ပြီး ရာထူးတွေ ပေးလေ့ရှိတယ်။
နောက်တပိုင်းကတော့ သာမာန်ပြည်သူတွေရဲ့ သမီးပျိုတွေဖြစ်ပြီး နန်းတော်အစေခံအတွက် ဝင်ရောက်အရွေးချယ်ခံကြသူများ ဖြစ်ကြတယ်။ သူတို့က ဘုရင့်အတွက် ဇနီးတယောက်လို မဖျော်ဖြေပေးရသည့်တိုင်၊ နန်းတော်မှာ နေတဲ့ကာလအတွင်းတော့ အပျိုစင်ဘဝကိုထိန်းသိမ်းထားရပြီး သူတို့က အသက် ၂၅နှစ်မှ နန်းတွင်းအစေခံမှ လွတ်မြောက်ခွင့် ရှိတယ်။ အသက် ၂၅ဆိုတာတော့ အဲ့ဘက်ခေတ်မှာ အိမ်ထောင်ပြုဖို့ တော်တော်နောက်ကျနေပြီ။

1. Empress မိဖုရားခေါင်ကြီး( huanghou) : မိဖုရားခေါင်ရာထူးဟာ နန်းတော်တခုလုံးမှာ တယောက်ပဲ ထားလို့ရတယ်။ သူက ဘုရင့်ရဲ့ တရားဝင်အဓိကအကျဆုံး မိဖုရားဖြစ်ပြီး အနောက်နန်းခြောက်ဆောင်ရဲ့သခင်မပီပီ အနောက်နန်းဆောင်တွေရဲ့ အရေးတွေကို စီမံပေးရသူလည်း ဖြစ်တယ်။ သူမက ၁၀မျိုးသော နန်းတွင်းအစေခံတွေကို အမိန့်ပေးနိုင်ပြီး ကိုယ်ပိုင်နန်းဆောင်၊ ကိုယ်ပိုင်အစေခံတွေလည်း ရှိတယ်။ များသောအားဖြင့် ဘုရင်တွေ မိဖုရားခေါင်မြှောက်တဲ့နေရာမှာ ချစ်လို့ တင်မြှောက်ခြင်းသာမက သူမရဲ့ မိသားစုအင်အားကြောင့်လည်း တင်မြှောက်လေ့ရှိတယ်။ ဘယ်လိုပဲဖစ်ဖြစ် သူမတယောက်တည်းသာ ဘုရင်ပြီးရင် တော်ဝင်သချိုင်းမှာ မြှုပ်နှံခံခွင့် ရှိတဲ့သူလည်း ဖြစ်တယ်
2. Imperial noble consort ဟွမ်ကွေ့ဖေး ( huangguifei) : ဒီရာထူးဟာလည်း နန်းတော်တခုလုံးမှာ တယောက်ပဲ ရပိုင်ခွင့်ရှိတဲ့ ရာထူးဖြစ်တယ်။ မိဖုရားခေါင်ပြီးရင် ဒုတိယအကြီးဆုံး ရာထူးအကြီးဆုံး မိဖုရားလည်း ဖြစ်တယ်။ သူမဟာ ၈မျိုးသော နန်းတွင်းအစေခံတွေကို အမိန့်ပေးနိုင်တယ်။ ကိုယ်ပိုင်နန်းဆောင်ရမိဖုရားဖြစ်ပြီး များသောအားဖြင့် အဲ့ဒီရာထူးဟာ ဘုရင့်အချစ်ဆုံးမိဖုရားတွေကို ပေးလေ့ရှိတယ်။
3.Noble consort ကွေ့ဖေး (guifei): နှစ်ယောက်ထားနိုင်ပြီး ၈မျိုးသော နန်းတွင်းအစေခံတွေကို အမိန့်ပေးနိုင်တယ်။ ကိုယ်ပိုင်နန်းဆောင်ရမိဖုရားတွေဖြစ်တယ်
4.Consorts ဖေး (fei): လေးယောက်ရှိတယ်
Gui(Noble) : မြင့်မြတ်သော မိဖုရား (ကွေ့ဖေး)
Xian(Virtuous) : ဖြူစင်သော မိဖုရား(ရှန်ဖေး)
Shu(kind and gentle) : ကြင်နာတတ်သော မိဖုရား (ရှုဖေး)
De(Moral) :ကိုယ်ကျင့်တရားကောင်းမွန်သော မိဖုရား (တယ်ဖေး)
သူတို့အားလုံးဟာ ၆ဆင့်သော နန်းတွင်းအစေခံတွေကို အမိန့်ပေးနိုင်ပြီး ကိုယ်ပိုင်နန်းဆောင်ရရှိသူများ ဖြစ်ကြတယ်
5.  Imperial concubines ဖင်(pin) : ၆ယောက်ထားနိုင်ပြီး သူတို့မှာ ကိုယ်ပိုင်အစေခံ ၆ယောက်ရှိတယ်။ 
6. Noble Ladies (guiren) ကွေ့ရန်:အရေအတွက် အကန့်အသတ်မရှိထားနိုင်ပြီး ကိုယ်ပိုင်အစေခံ ၄ယောက်ရှိတယ်။
7.First class female attendant (Changzai) ချန်ကျိုက်:အရေအတွက် အကန့်အသတ်မရှိထားနိုင်ပြီး ကိုယ်ပိုင်အစေခံ ၃ ယောက်ရှိတယ်။
8. Second class female attendant (daying) သားရင့်:အရေအတွက် အကန့်အသတ်မရှိထားနိုင်ပြီး ကိုယ်ပိုင်အစေခံ ၂ယောက်ရှိတယ်။
9. Beautiful ladies (meiren) မိန်ရန်: အရေအတွက် အကန့်အသတ်မရှိထားနိုင်ပြီး ကိုယ်ပိုင်အစေခံ ၂ယောက်ရှိတယ်။
10. Talented ladies (cairen) ချိုင်ရန်: အရေအတွက် အကန့်အသတ်မရှိထားနိုင်ပြီး ကိုယ်ပိုင်အစေခံ ၂ယောက်ရှိတယ်။
နံပါတ် ၅ကနေ ၁၀ ထိ ရာထူးပိုင်ရှင် မိဖုရားတွေမှာ ကိုယ်ပိုင်နန်းဆောင် မရှိတဲ့အတွက် အချင်းချင်းမျှဝေနေထိုင်ရတယ်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now