Chapter 29

267 35 2
                                    

Zawgyi Version

စုမိန်​၏ အမူအယာမှာ မုရုံရှင်းလျန်​ကို အနည်းငယ်​ တုံ့ဆိုင်းသွား​စေသည်​။ သူမက နိမ့်​ကျတဲ့ ​ကောင်​မ​လေးတ​ယောက်​​ပေမယ့်​ သူမခန္ဓာကိုယ်​မှ ထွက်​​ပေါ်လာသည့်​ ​အေးစက်​သည့်​ အ​ရှိန်​အဝါမှာ တကယ်​ကို မုရုံရှင်းလျန်​ကို ​ကြောက်​လတ့်​​စေနိုင်​သည်​။ သူမ မရှုံးနိုင်​ပါဘူး! သူမ ​နောက်​ဆုတ်​ဖို့ မဖြစ်​နိင်​ဘူး။ သူမ ဒီအမှိုက်​မ၏ အထင်​​သေးသည့်​ အကြည့်​ဖြင့်​ အကြည့်​မခံနိုင်​​ပေ။ သူမ ကျန့်​မင်​အတွက်​ ကလဲ့စားမ​ချေ​ပေးပဲ ​နေဖို့ မဖြစ်​နိုင်​ဘူး။

မုရုံချီချီက စုမိန်​​နောက်​မှာ သက်​​တောင့်​သက်​သာ ပုန်း​နေတာကို မြင်​​သောအခါ မုရုံရှင်းလျန်​က သူမအား ပိုပြီး အထင်​အမြင်​​သေးမိသည်​။ တခုခုဖြစ်​တာနဲ့ အ​စေခံကို ​ရှေ့က ကာခိုင်းတယ်​ဆိုကတည်းက မုရုံချီချီက ​ကောင်းတဲ့ သူ မဟုတ်​ဘူး။

ဒီကိစ္စ​တွေ ဖြစ်​လာရတဲ့ အ​ကြောင်းရင်းက သူမနှလုံးသားထဲက နတ်​ဆိုး​ကြောင့်​ဆိုတာ မုရုံရှင်းလျန်​က လုံးဝ ​မေ့​လျော့​နေပြီ ဖြစ်​သည်​။ သူမအ​ပေါ် ဖြစ်​ခဲ့သမျှ အရာအားလုံးကို သူမက မုရုံချီချီ​အ​ပေါ် အပြစ်​ပုံချထားသည်​။

"နင်​တို့အားလုံး ငရဲကိုသာ သွားလိုက်​​တော့!"

မုရုံရှင်းလျန်​က ​အော်​ဟစ်​လိုက်​သည်​။ လှပ​သော မျက်​နှာအစိတ်​အပိုင်းတို့မှာ အမုန်းတရား​ကြောင့်​ လိမ်​တွန့်​​နေသည်​။

"ခွမ်း"

မုရုံရှင်းလျန်​သည်​ သူမကြာပွတ်​က စုမိန်​၏ ​သေးသွယ်​​သော လည်​ပင်းကို ဘယ်​လိုချိတ်​ယူပြီး သူမအသက်​ကို နုတ်​ယူလိုက်​သည်​ကို စိတ်​ကူးယဉ်​​နေစဉ်​တွင်​ အသံတသံကို ကြားလိုက်​သည်​။ ကြာပွတ်​က စုမိန်​၏ လက်​ညိုးနှင့်​ လက်​ခလယ်​ကြားတွင်​ ညှပ်​​နေသည်​။ ကြာပွတ်​မှာ နည်းနည်း​လေးမှ လှုပ်​မရ​ပေ။

မဖြစ်​နိုင်​တာ! မုရုံရှင်းလျန်​၏ အမူအယာမှာ​တောင့်​တင်းသွားသည်​။ သူမ​ရှေ့မှာ ဖြစ်​သွားသည့်​အရာကို မယုံကြည်​နိုင်​​ပေ။ တဖက်​လူက လက်​​ချောင်းနှစ်​​ချောင်းထဲကိုသာ အသုံးပြု၍ သူမ၏ အဆင့်​သုံးအတွင်းအားကို​ ​ချေဖျက်​လိုက်​သည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now