Chapter 22

254 29 0
                                    

Zawgyi Version

"မိဖုရား​ခေါင်​က တတိယသခင်​မ​လေးကို တခုခုလုပ်​မှာ မယ်​မယ်​က စိုးရိမ်​​နေတာ... ဒါ့​ကြောင့်​ ကျွန်​မကို ဒီလွှတ်​လိုက်​တာ။ တကယ်​လို့ လျန်​သခင်​​လေးကို ရှာ​မ​တွေ့လည်း ပြသနာ မရှိဘူးလို့ မယ်​မယ်​က ​ပြောလိုက်​ပါတယ်​။ တခုခုဖြစ်​ရင်​ သခင်​မ​လေးမှာ သူမ ရှိ​နေပါ​သေးတယ်​တဲ့ သခင်​မ​လေးကို မိဖုရား​ခေါင်​က အနိုင်​ကျင့်​တာမျိုး သူမက မဖြစ်​​စေရပါဘူးတဲ့"

တကယ်​လား?.... မှန်​​ရှေ့တွင်​ မုရုံချီချီသည်​ ​လှောင်​​ပြောင်​သည့်​ အပြုံး​လေး ပြုံးလိုက်​သည်​။

အရင်​တုန်းက ဒီခန္ဓာကိုယ်​ပိုင်​ရှင်​သည်​ မုရုံရှင်းလျန်​၏ ​ချောက်​ချခြင်းကို ခံခဲ့ရစဉ်​က သူမနဲ့ ဖ​အေတူ မ​အေတူအစ်​မဖြစ်​တဲ့ ဒီမုရုံရွှယ်​လျန်​က သူမအတွက်​ ထွက်​လာပြီး စကား​ပြောတာကို သူမ မမြင်​ခဲ့မိ။ အခု သူမရဲ့ ရာထူးကို သက်​​ရောက်​​စေမှာ စိုးရိမ်​သည့်​ အတွက်​ ဒီလိုလှည့်​ကွက်​အ​သေးစား​လေး သုံးကာ သူမကို လာဘ်​ထိုးပြန်​သည်​။ သူမက အရင်​ မုရုံချီချီလို့များ ထင်​​နေတာလား?

"အာ... မမရဲ့ ဒီစကား​တွေ ကြားရ​တော့မှ ကျွန်​မလည်း စိတ်​သက်​သာရာရ​တော့တယ်​"

မုရုံချီချီက ရိုးသားစွာ ပြုံးလိုက်​သည်​။

"ကျွန်​မ အရမ်းစိုးရိ​မ်​ပြီး အရမ်းလည်း ​ကြောက်​​နေတာ။ အခု ကျွန်​မမှာ မမ ရှိ​နေပြီဆို​တော့ ကျွန်​မလည်း ​ကြောက်​စရာမလို​တော့ဘူး! မိဖုရား​ခေါင်​​ရောက်​လာခဲ့ရင်​​တောင်​ ​ကြောက်​စရာမလို​တော့ဘူး!"

မုရုံချီချီထံမှ ဤကဲ့သို့ မိုက်​မဲ​သော စကားကို ကြားလိုက်​ရ​သောအခါ ဟူပိုက ဒီတတိယသခင်​မ​လေးသည်​ အရည်​အချင်း၊ စွမ်းရည်​ မရှိရုံသာမက ဦး​နှောက်​ပါ မရှိဘူးဆိုတာ ​သေချာသွားသည်​။ သူမက စကားအနည်းငယ်​ထပ်​​ပြောပြီး ရှန်းအိမ်​​တော်​မှ အလျင်​အမြန်​ထွက်​ခွာသွားသည်​။

"တကယ်​ပဲ အဲ့ဒီလိုလား?"

ပျောင်းရွှယ်​နန်း​ဆောင်​အတွင်းတွင်​ ဟူပိုစကားများကို မုရုံရွှယ်​လျန်​ကြားလိုက်​​သောအခါ သူမ အလွန်​​ပျော်​ရွှင်​သွားသည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now