Chapter 19

256 30 4
                                    

Zawgyi Version

ကြည့်​​ပေါ့! ကြည့်​​လေ! လူများ​လေ ပို​ကောင်း​လေပဲ!

မုရုံရှင်းလျန်​က ​နောက်​တကြိမ်​ ထူးဆန်း​သော အပြုံးကို ပြုံးလိုက်​သည်​။

"အ​ဖေ... တတိယညီမ​လေးက ဒါကို ရည်​ရွယ်​ပြီး လုပ်​တာမဟုတ်​ပါဘူး။ သွမ်​မုသခင်​မ​လေးကသာ အလွန်​..."

"ဒုတိယအစ်​မ... တတိယအစ်​မက ဒါကို တမင်​ရည်​ရွယ်​ပြီး လုပ်​တာ ဟုတ်​ဟုတ်​ မဟုတ်​ဟုတ်​ အမှန်​တရားက​တော့ သွမ်​မုသခင်​မ​လေး ဒဏ်​ရာရသွားတယ်​ဆိုတာပဲ! တကယ်​လို့ မိဖုရား​ခေါင်​ကသာ စစ်​​ဆေးလို့ရင်​ 'တမင်​ရည်​ရွယ်​တာမဟုတ်​ဘူး' ဆိုတာ​လေးနဲ့တင်​ စစ်​​ဆေးမှုကို ​ကျော်​ဖြတ်​လို့ မရဘူး"

မုရုံရှင်းလျန်​က မုရုံချီချီအတွက်​ အသနားခံ​ပေး​နေတာကို မြင်​​သောအခါ မုရုံချင်းလျန်​က မျက်​လုံး​တွေကို လွဲလိုက်​သည်​။

ဒီမိသားစုမှာ လူကြီးပဲဖြစ်​ဖြစ်​ လူငယ်​ပဲဖြစ်​ဖြစ်​ မုရုံချီချီအတွက်​ ​နေရာမရှိဘူးထင်​ပါသည်​။

မုရုံချင်းလျန်​စကားကို ကြား​သောအခါ ရှန့်​ကွမ်းဝူကျိက နှလုံးသားနာကျင်​သလို ခံစားလိုက်​ရသည်​။ ညီအမ​တွေရဲ့ တွက်​ကပ်​မှုကို ခံရ၊ အ​ဖေရင်းရဲ့ ရွံရှာမှုကို ခံရနဲ့ ဒီလိုမိသားစုမျိုးမှာ သူမ ဒီနှစ်​​တွေကို ဘယ်​လိုများ ရှင်​သန်​ခဲ့ရပါလိမ့်​?

"ဝန်​ကြီးချုပ်​ လူကြီးမင်း... ​စော​စောက ဖြစ်​ခဲ့တဲ့ ကိစ္စမှာ တတိယသခင်​မ​လေးက တမင်​ရည်​ရွယ်​ပြီး လုပ်​ခဲ့တာ မဟုတ်​ပါဘူး။ သွမ်​မုသခင်​​မ​လေးက သူမကို အရင်​အနိုင်​ကျင့်​ခဲ့တာပါ။ ဝန်​ကြီးချုပ်​လူကြီးမင်း... တတိယသခင်​မ​လေးကို သိပ်​အပြစ်​မတင်​ဖို့ ​တောင်းပန်​ပါရ​စေ"

မုရုံချီချီအတွက်​ ရှန့်​ကွမ်းဝူကျိ ​ပြော​ပေးလိုက်​ခြင်းသည်​ မုရုံထိုက်​၏ ​​မျှော်​လင့်​ထားမှုထက်​ ​ကျော်​လွန်​​နေသည်​။

ထိုအချိန်​တွင်​ ပိုင်​မူ​ဖေးနှင့်​ ပိုင်​ယီယွဲ့တို့ ​မောင်​နှမနှစ်​​ယောက်​ကလည်း ထရပ်​လာသည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now