Chapter 3

801 52 0
                                    

Zawgyi Version

ဒီဇာတ်လမ်းမစတင်မှီ နှစ်တွေက လေးနိုင်ငံဟာ တနိုင်ငံတည်းသာ ဖြစ်ပြီး လုံမိသားစုမှ အုပ်ချုပ်ခဲ့တယ်။ (လုံမိသားစုနဲ့ လုံဇယ်မိသားစုက မတူပါ) အဲ့ဒီအချိန်မှာ ဝမ်ရမ်မျိုးရိုးအမည်ရှိတဲ့ စစ်သူကြီးဟာ သူ့မိန်းမရဲ့ သြဇာလွှမ်းမိုးမှုကြောင့် လုံမိသားစုကို သစ္စာဖောက်ခဲ့လေတယ်။ သူဟာ တခြားအင်အားကြီးမိသားစုသုံးခုနဲ့ ပူးပေါင်းကာ ပုန်ကန်ပြီး လုံမိသားစုကို နန်းချခဲ့ကြတယ်။ ထို့နောက် အိမ်ရှေ့စံမင်းသားနဲ့ မိသားစုဟာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ လုံမိသားစုဟာ ကမ္ဘာပေါ်မှာ ကွယ်ပျောက်သွားကြသည်။ ထိုကတည်းက တိုင်းပြည်ဟာ  အရှေ့ တုလု၊ တောင် နန်ဖုန်း၊ အနောက် ရှီးချီ၊ မြောက် ပေကျိုး ဟု၍ လေးနိုင်ငံအဖြစ် ကွဲပြားသွားခဲ့သည်။

တုလုကို ရှမိသားစုမှ အုပ်ချုပ်ပြီး ဖမ်းလိုင်ကျွန်းကို နောက်ခံပြုကာ အဆင်မြင့်သိုင်းပညာကျွမ်းကျင်သူများဖြင့် အင်အားကောင်းသော တိုင်းပြည်တခု ဖြစ်သည်။ ဒီအချက်ဟာ တုလုကို မတိုက်ခိုက်မှီ ထည့်သွင်းစဉ်းစားသင့်သော အချက်တခု ဖြစ်စေသည်။ ဖမ်းလိုင်ကျွန်းအား နောက်ခံအင်အားတခုအနေဖြင့် ရရှိထားစေရန် တုလုရဲ့ ဧကရီတိုင်းဟာ ဖမ်းလိုင်ကျွန်း၏ တပည့်များ ဖြစ်ဖို့ လိုအပ်ပေသည်။

လေးနိုင်ငံထဲမှ အင်အားအနည်းဆုံးဟု ပြောဆိုကြသော နန်ဖုန်းကိုတော့ မင်မိသားစုမှ အုပ်ချုပ်သည်။ သူတို့ဟာ သူတို့ရဲ့အိမ်ရှေ့စံမင်းသားကို ရှီးချီသို့ ဓားစာခံအနေဖြင့် ပို့ပေးထားလေသည်။

ရှီးချီကိုတော့ လုံဇယ်မိသားစုမှ အုပ်ချုပ်ပြီး အင်အားမနည်းသလို အင်အားအကြီးဆုံးလည်း မဟုတ်ပေ။

လေးနိုင်ငံထဲမှ အတောင့်တင်းအခိုင်မာဆုံး ပေကျိုးကိုတော့ ဝမ်ရမ်မိသားစုမှ အုပ်ချုပ်သည်။ ပေကျိုး၏လက်ရှိဘုရင် ဝမ်ရမ်လဲ့မှာ တကယ်ကို ကြီးမားတဲ့ ရည်ရွယ်ချက်ရှိပြီး တခြားနိုင်ငံများကို သိမ်းပိုက်ချင်နေသည်။ ထို့နောက် မည်သူတဦးတယောက်ကမှ ပေကျိုးကို ဆန့်ကျင်ပြီး စစ်ကြေငြာမရဲကြ​ချေ။ ဒါ့အပြင် သူတို့ဘက်တွင် စစ်နတ်ဆိုးတပါးလည်း ရှိနေသေးသည်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now