Chapter 8

304 37 0
                                    

Zawgyi version

မူလက ရန်ပွဲရပ်ချင်နေသူ မုရုံရှင်းလျန်သည် သူမမျက်နှာကို ကိုင်ကြည့်မိလိုက်သည်။ ပူနွေးနေသည်။ သွေးထွက်နေသည်။ မုရုံရှင်းလျန်၏ ဒေါသသည် နောက်တဆင့်သို့ ရောက်ရှိသွားသည်။ မုရုံချင်းလျန်မျက်နှာမှ ဒဏ်ရာက လိမ်းဆေးတချို့ လိမ်းလိုက်ရုံဖြင့် ယောင်ယမ်းဖောင်းကားခြင်းမှ ရပ်တန့်စေနိုင်သော်လည်း သူမမျက်နှာမှ ဒဏ်ရာသည်တော့ တကယ်ကို အလျော်အစားတခုပင် ဖြစ်သည်။ ဒဏ်ရာသာ ကျန်ခဲ့ပါက သူမမျက်နှာအလှပျက်သွားမှာကိုပင် သူမ စိုးကြောက်လှသည်။

ညီအစ်မသံယောဇဉ်ကိုပင် မထောက်ဘဲ သူမဂရုအစိုက်ဆုံးဖြစ်သည့် သူမရုပ်ရည်ကို ဖျက်စီးချင်သော မုရုံချင်းလျန်အကြောင်း စဉ်းစားမိသည်နှင့် မုရုံရှင်းလျန်သည် မညှာတာနိုင်တော့ပေ။

မုရုံရှင်းလျန်သည် အလေးအနက်ဖြစ်လာသည်။ မုရုံချင်းလျန်သည်လည်း အလွယ်တကူ ကိုင်တွယ်နိုင်မည့်သူတော့ မဟုတ်ပေ။ သူမက အေးစက်စွာ ဟွန့်ခနဲ့လုပ်လိုက်ပြီး သူမ၏ အစစ်အမှန်စွမ်းရည်ဖြင့် ထွက်​ပေါ်လာ​တော့သည်။ မုရုံရှင်းလျန်က သူမမျက်နှာကို ဖျက်စီးလိုက်ကတည်းက သူမလည်းပဲ မုရုံရှင်းလျန်မျက်နှာကို ပြန်ဖျက်စီးပေးရမှာပဲ။

"ဖန်း ဖန်း ဖန်းဖန်း"

နှစ်ယောက်လုံးက မုရုံချီချီ၏ စွေ့ကျူးခြံဝန်းကို စစ်မြေပြင်သဖွယ် မြင်နေကြသည်။ သူတို့ရောက်လေရာ နေရာတိုင်းကို ဖျက်စီးပစ်ကြသည်။

"မလုပ်ကြပါနဲ့! အား! ငါ့ရဲ့စွေ့ကျူးခြံဝန်းလေး! ထပ်မတိုက်ကြပါနဲ့တော့!"

မုရုံချီချီ၏ ငိုကြွေးသံသည် မုရုံရှင်းလျန်နှင့် မုရုံချင်းလျန်နားထဲသို့ အဆက်မပြတ် တိုးဝင်နေသည်။ ထိုသည်ကပင် နားကို ထိုးဖောက်နိုင်ပြီး သူတို့အား လက်ရှိအခြေအနေတွင် ပိုပြီး နစ်မြှုပ်စေကာ အရာဝတ္ထုများကို ပိုဖျက်စီးမိအောင် ဖြစ်လာစေသည်။

တခြားတဖက်တွင် မုရုံချီချီသည် ဖေးချွေနှင့် ကျန်းကျူးကို ခက်ခက်ခဲခဲ ခွဲထုတ်နေရသည်။

"နင်တို့နှစ်ယောက်... သူတို့ကို မြန်မြန်စွဲဆောင်ပြီး ခေါ်သွားကြတော့! သူတို့ကို ရန်ဆက်မဖြစ်စေနဲ့တော့!"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now