Chpater 32

362 33 3
                                    

Zawgyi Version

စွေ့ကျူးခြံဝန်းအတွင်းတွင်​ စုမိန်​တ​ယောက်​ ရွှင်​မြူးစွာဖြင့်​ ပီတိဖြစ်​​နေသည်​။ တခုခုကို လုပ်​​တော့မယ်​ဆိုရင်​ သတ်​ဖို့ ဖြတ်​ဖို့ချည်း မလုပ်​ပဲ ဦး​နှောက်​ကို သုံးဖို့ မုရုံချီချီက ​ပြော​လေ့ရှိသည်​။ ထို့​ကြောင့်​ သူမလည်း ထိုအရာမှ ​လေ့လာရသည်​။

"အရမ်း​ကောင်းတယ်​"

မုရုံချီချီက နို့ဖြူ​ရောင်​ ​ကျောက်​စိမ်းနဂါးတံဆိပ်​အား စုမိန်​ဆီသို့ ပစ်​​ပေးလိုက်​သည်​။

"လုံဇယ်​ကျင့်​ထျန်းက ငါ့ဆီမှာ ​ငွေလျန်​ငါးသိန်း အ​ကြွေးတင်​​နေ​သေးတယ်​။  နင်​ သွားပြီး ယူလိုက်​​ချေ။ မှတ်​ထားရမှာက ငါက ဘဏ်​စာရွက်​ပဲ လိုချင်​တာ​နော်​"

စုမိန်​က ​ကျောက်​စိမ်းကို ကိုင်​လိုက်​ပြီး မုရုံချီချီကို ကြည့်​လိုက်​သည်​။ လုံဇယ်​ကျင့်​ထျန်းနှင့်​ ​တောထဲမှာ ​တွေ့ခဲ့တဲ့အ​ကြောင်းကို မုရုံချီချီ ​ပြောပြထားလို့ စုမိန်​လည်း သိထားပြီး ဖြစ်​သည်​။ ဒီအချိ​န်​မှာ အ​ကြွေးသွားသိမ်းရခြင်းက အ​ကောင်းဆုံးအချိန်​ပင်​ ဖြစ်​သည်​။

"သခင်​မ​လေး... ဒါဆို ကျွန်​မ အခုပဲ သွားလိုက်​​တော့မယ်​"

အမိန့်​ကို လက်​ခံရရှိပြီးသည်​နှင့်​ စုမိန်​က ​စွေ့ကျူးခြံဝန်းအတွင်းမှ ဝမ်း​မြောက်​စွာ ထွက်​ခွာသွားသည်​။

စုမိန်​က ကျင့်​ဝမ်​ဖူတွင်​ ​ပေါ်​လာချိန်​တွင်​ ပိုင်​အိမ်​​တော်​တွင်​လည်း မရင်းနှီးသည့်​ ဧည့်​စိမ်းတ​ယောက်​ကို လက်​ခံရ​လေသည်​။

"ထုံ​ပေါင်​ကျိုက်​ကလား?"

ထုံ​ပေါင်​ကျိုက်​ဆိုသည်​မှာ လက်​ဝတ်​ရတနာများ ပြုလုပ်​​ရောင်းချရာ ​နေရာဖြစ်​သည်​။ ၎င်းမှာ ကွမ်းဟွာသခင်​​လေး၏ လက်​ဝတ်​ရတနာပြခန်း ဖြစ်​၏။

သူ့လက်​ထဲက ဖိတ်​ကြားလွှာကို ကြည့်​ရင်း ပိုင်​မူ​ဖေးက တခဏတာ ကြက်​​သေ​သေသွားသည်​။  သူတို့မှာ ထုံ​ပေါင်​ကျိုက်​နှင့်​ တွဲလုပ်​ထားသည့်​ စီးပွား​ရေးလုပ်​ငန်းများ မရှိ​ပေ။ ထုံ​ပေါင်​ကျိုက်​၏ ဆိုင်​တာဝန်​ခံက ဘာ​ကြောင့်​ လာလည်​ပတ်​ရသည်​ကိုလည်း မသိ​ပေ။ ဒါ​ပေမယ့်​ ဒီကမ္ဘာ​ပေါ်မှာ ကွမ်းဟွာသခင်​​လေး၏ ထုံ​ပေါင်​ကျိုက်​ကို ငြင်းဆန်​နိုင်​သည့်​သူ တ​ယောက်​မှ မရှိမှာကို ပိုင်​မူ​ဖေးက စိုးရိမ်​မိသည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now