Chapter 13

283 39 1
                                    

Zawgyi Version

ဖေး​ချွေ့၏ စကား​ကြောင့်​ လူတိုင်း၏ မျက်​လုံးများသည်​ ​သူမမျက်​နှာ​ပေါ်သို့ ကျ​ရောက်​လာသည်​။ လူတိုင်းက သူမစကားကို အခု ယုံကြသည်​ကို ​မြင်​​သောအခါ ​ဖေး​ချွေ့သည်​ သူမမျက်​နှာ​ပေါ်မှ လက်​​ဗွေရာများကို လူတိုင်းမြင်​သာ​စေရန်​ ​ခေါင်းကို သိသိသာသာ​ ​မော့ပြလိုက်​သည်​။

သူမ၏ ဖြူ​လျော်​​လျော်​အသားအရည်​​ပေါ်တွင်​ အနီ​ရောင်​လက်​​ဗွေရာများကို ရှင်းရှင်းလင်းလင်း မြင်​နိုင်​သည်​။ လက်​​ဗွေရာများမှ လက်​မနှစ်​ခုမှာ ​အောက်​သို့ ညွှန်​ပြ​နေသည်​။ တချက်​ကြည့်​ရုံနှင့်​ သူမဘာသာသူမ ပြုလုပ်​သည်​ဟု ​ပြောနိုင်​သည်​။ ထိုအချက်​​ကြောင့်​ အ​စေခံများသည်​ မုရုံချီချီကို ယုံကြည်​စပြုလာသည်​။

"ကြည့်​ရတာ တတိယသခင်​မ​လေး ​ပြောတာ အမှန်​ ဖြစ်​နိုင်​တယ်​​ဟေ့! ​ဖေး​ချွေ့က ဒီလိုလူမျိုး ဖြစ်​လိမ့်​မယ်​လို့ မထင်​ထားခဲ့မိဘူး။ တတိယသခင်​မ​လေးလည်း စိတ်​ဆင်းရဲ​နေရတာ ​တော်​သင့်​​နေပြီပဲ ​ဖေး​ချွေ့မို့ သူမကို ဒီလိုစွပ်​စွဲရက်​​နေ​သေးတယ်​။"

"အမှန်​ပဲ! ဒုတိယသခင်​မ​လေးက ​ဖေး​ချွေ့ကို ဒီလိုလုပ်​ဖို့ တိတ်​တိတ်​​လေးသင်​​ပေးထားတာများ ဖြစ်​​နေမလား? သူမ တကယ်​ပဲ ကျင်းဝမ်​​ဖေးဖြစ်​ချင်​​နေတာလား? အမက ညီမ​ယောက်ျားကို ခိုးယူချင်​​နေတယ်​၊ တကယ်​ ရှက်​စရာ​ကောင်းတာပဲ"

"တတိယသခင်​မ​​လေး ရှိ​နေ​သေးတာ​တောင်​ သူမက ဒီလိုအရာမျိုး ​ပြောရဲ​သေးတယ်​၊ ​တော်​​တော်​ရဲတင်းတာပဲ"

စုမိန်​ သူမကို ရိုက်​တုန်းကတည်းက သူမက လှည့်​ကွက်​လုပ်​ခဲ့တယ်​ဆိုတာ ​ဖေး​ချွေ့က ဘယ်​လိုလုပ်​ သိခဲ့မှာလဲ? ဒီအချိန်​တွင်​ လူတိုင်းက ​ဖေး​ချွေ့အား မ​ကောင်း​ပြော​သောအခါ သူမက မုရုံရှင်းလျန်​အား အကူအညီ​တောင်းသည့်​အ​နေဖြင့်​ ကြည့်​လိုက်​သည်​။

" သခင်​မ​လေး... တကယ်​ပဲသူမက ကျွန်​မကို ရိုက်​တဲ့သူပဲ!"

"​ဖေး​ချွေ့ ဒူး​ထောက်​စမ်း!"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now