Chapter 18

269 31 2
                                    

Zawgyi Version

"ကျွန်​မ... ကျွန်​မ ဘာမှမလုပ်​ဘူး!"

မုရုံချီချီသည်​ မုရုံချင်းလျန်​စကားများကို ​ကြောက်​လန့်​​နေပုံ ရသည်​။ သူမမျက်​လုံးများတွင်​ မျက်​ရည်​များ အလွှာတထပ်​ရစ်​ဝိုင်း​နေသည်​။

"သူမက သူမဘာသာ ​ပြေးဝင်​လာတာ! ဘာ​ကြောင့်​ ဒီလိုဖြစ်​လာတယ်​ဆိုတာ​တော့ ကျွန်​မလည်း မသိ​တော့ဘူး..."

စော​စောက ဘာဖြစ်​ခဲ့တယ်​ဆိုတာ အားလုံးလည်း ရှင်းရှင်းလင်းလင်း မြင်​ခဲ့ရသည်​။ သွမ်​မုရီရီဓားက ဝှီးကနဲ့ ဖြတ်​သန်းသွားတဲ့အခါမှာ မုရုံချီချီက တကယ်​ကို ဘာမှ မလုပ်​ခဲ့ပါပဲနဲ့ ဘယ်​လိုလုပ်​ ဓား​မြှောင်​က သူမလက်​​ကောက်​ဝတ်​အား ဖြတ်​သွားသည်​ကို မသိ​ပေ။ အမှားအယွင်း​ကြောင့်​ ဖြစ်​သွားတယ်​ဟု ဆိုရမလားပင်​။ မုရုံချီချီ ကံ​ကောင်းသည်​ဟု ​ပြောရုံသာ ရှိ​တော့သည်​။

တကယ်​ပဲ ကံ​ကောင်းရုံပဲလား? လီယွင်​ချင်းမျက်​လုံးထဲတွင်​ စိတ်​ဝင်​စားမှုအရိပ်​အ​ယောင်​များ မြင့်​တက်​လာသည်​။ ဒီဝမ်းကွဲညီမသည်​ ရတနာသိုက်​အကြီးကြီးပင်​။ ပိုနီးကပ်​လာ​လေ အံ့သြဖွယ်​ရာကို ပိုရရှိ​လေ​လေပင်​။

"တတိယသခင်​​မ​လေး ​စော​စော​လေးက ဘာဖြစ်​ခဲ့တယ်​ဆိုတာကို ကျွန်​​တော်​တို့ ရှင်းရှင်းလင်းလင်း မြင်​ခဲ့ပါတယ်​။ မင်းနဲ့ ဘာမှ မဆိုင်​ပါဘူး။ ဒါက မ​တော်​တဆမှုပါ"

မုရုံချီချီ ထိုသို့ ထိတ်​လန့်​​နေသည်​ကို မြင်​​သောအခါ ရှန့်​ကွမ်းဝူကျိက ချက်​ချင်းပါးစပ်​ဟလာပြီး သူမအား နှစ်​သိမ့်​လိုက်​သည်​။

"စိတ်​မပူပါနဲ့! သူတို့ ဒီကိစ္စကို စုံစမ်းရင်​ ကျွန်​​တော်​ မင်းဘက်​က​နေ သက်​​သေလိုက်​​ပေးမယ်​"

"ရှန့်​ကွမ်းသခင်​​လေး... ​ကျေးဇူးတင်​ပါတယ်​"

"တတိယညီမ... ညီမရဲ့ စိတ်​​တွေ ငြိမ်​သွား​အောင်​ ​ဝိုင်​နည်းနည်း​လောက်​ ​သောက်​လိုက်​အုံး"

မုရုံရှင်းလျန်​က ဝိုင်​ကို ​လောင်းထည့်​လိုက်​ပြီး မုရုံချီချီအား ကမ်း​ပေးလိုက်​သည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now