Chapter 36

230 23 2
                                    

Zawgyi Version

မုရုံချီချီ၏ '​လောကကြီးသို့ အကြည့်​တချက်​' ဆိုသည့်​ သီချင်းကို ဘယ်​သူက စဖြန့်​လိုက်​လဲ​တော့ မသိ​ပေ... ။ အခု မြို့​တော်​တခုလုံး ဘယ်​​နေရာကိုပဲ ​ရောက်​​ရောက်​ လူ​တွေ၏ သီချင်းဆိုသံကို ကြား​နေရသည်​။

"ဒီ​နေ့ ငါငိုတယ်​ မနက်​ဖြန်​ကျ ငါ ရယ်​ရအုံးမယ်

ဒါဟာ ရှင်းပြရခက်​ပြီး ဘာ​ကြောင့်​ ငါ ​ဂုဏ်​ယူ​နေလဲဆိုတာလည်း မင်း မသိပါဘူး"

ဒီသီချင်းကို ချန်​ရှန်းဖူ(ဝန်​ကြီးချုပ်​အိမ်​​တော်​)မှ အမှိုက်​မတတိယသခင်​မ​လေးက သီဆိုခဲ့တာဟု သူတို့ကြား​သောအခါ မြို့​တော်​တခုလုံး အံသြသွားကြသည်​။ စုမိန်​လွှင့်​လိုက်​သည့်​ သတင်းများဖြင့်​ ထပ်​​ပေါင်းလိုက်​​သောအခါ ဒါက အမှန်​ပဲဟု လူတိုင်းက ​တွေးကုန်​ကြသည်​။

အဆိုးယုတ်ဆုံး လူများမှာ မုရုံအိမ်​​တော်​မှ ဒုတိယသခင်​မ​လေးနှင့်​ ကျင်းဝမ်​လုံဇယ်​ကျင့်​ထျန်းတို့ ဖြစ်​ကြသည်​! သူတို့နှစ်​​ယောက်​က အ​မှောင်​ဇာတ်​ခင်းပြီး ကျူးလွန်​​နေကြတာ အ​တော်​ကြာပြီဖြစ်​သည်​။ မှားယွင်းစွပ်​စွဲခံရဆုံးသူမှာ မုရုံတတိယသခင်​မ​လေးပင်​!

ဥာဏ်​​ကောင်းသည့်​ သူများက ဖြစ်​စဉ်​တခုထဲမှ အ​ကြောင်းအရာ​ပေါင်းများစွာကို ဆွဲထုတ်​နိုင်​သည်​။ မုရုံချီချီ မြို့​တော်​သို့ ပြန်​​ရောက်​​ရောက်​ချင်း သူမအ​ကြောင်း မ​ကောင်းသတင်းများ ထွက်​​ပေါ်ရခြင်းအ​ကြောင်းကို စဉ်းစားလိုက်​​သောအခါ ဦး​နှောက်​ကို နည်းနည်းအလုပ်​​ပေးလိုက်​တာနှင့်​ တတိယသခင်​မ​လေးကို ဂုဏ်​သိက္ခာကို တမင်​တကာကို ဖျက်​စီးဖို့ လုပ်​သူမှာ ဒုတိယသခင်​မ​လေးဖြစ်​သည်​ဆိုတာကို သူတို့ ​ခန့်​မှန်းနိုင်​သည်​။ ထိုအချိန်​အတွက်​ မြို့​တော်​တခုလုံးက တတိယသခင်​​မ​လေးဘက်​တွင်​ ဒုတိယအ​တွေးမရှိဘဲ(သံသယမရှိဘဲ) ရပ်​တည်​လာကြသည်​။

"ဒီသီချင်းက တကယ်​ပဲ မုရုံချီချီ​ရေးခဲ့တာလား?"

လုံဇယ်​ကျင့်​ထျန်းသည်​ လူ​တွေဆိုတီး​နေသည့်​ 'လူ့​လောကသို့ အကြည့်​တချက်​'ဆိုသည့်​ သီချင်းကို ကြား​သောအခါ သူက အံ့သြသွားမိသည်​။ ဒီလိုသီချင်းမျိုး၊ ဒီလို စိတ်​ဓာတ်​အဆင့်​အတန်းတခုဟာ တကယ်​ပဲ သူစွန့်​ပစ်​ခဲ့သည့်​  မုရုံချီချီက ဖန်​တီးခဲ့တာလား? သူမက ဘယ်​လိုလူစားမျိုးလဲ? ဘာ​ကြောင့်​ သူက ရုတ်​တရက်​ ​နောင်​တရလာသလို ဖြစ်​ရတာလဲ? သူမကို လွယ်​လွယ်​ကူကူ လွှတ်​​ပေးမိတာကို ​နောင်​တရခြင်း...။

You've reached the end of published parts.

⏰ Last updated: Mar 13, 2023 ⏰

Add this story to your Library to get notified about new parts!

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now