Chapter 24

282 33 1
                                    

Zawgyi Version

"ရွှီး!"

လုံဇယ်​ကျင့်​ထျန်းက သု့အင်္ကျီလက်​စအား စုတ်​ဖြဲကာ ​ကျောက်​စားပွဲ​ပေါ် ဖြန့်​ချလိုက်​သည်​။ သူ့လက်​ညိုးထိပ်​ကို ကိုက်​ကာ လက်​​ချောင်းထိပ်​မှ ထွက်​လာသည့်​ ​သွေးနှင့်​ '​စေ့စပ်​​ကြောင်းလမ်းခြင်း ဖျက်​သိမ်းလွှာ'ကို ​ရေးလိုက်​သည်​။

"မုရုံချီချီ... ဒီ​နေ့... ငါ မင်းကို စွန့်​ပစ်​လိုက်​မယ်​! ခမည်း​တော်​က အပြစ်​တင်​ခဲ့ရင်​​တောင်​ ပန်​ဝမ်​က ရှင်းပြချက်​​ပေးလိုက်​မယ်​"

"ဖတ်​..."

လုံဇယ်​ကျင့်​ထျန်းက သူမဆီ လှမ်းပစ်​လိုက်​သည့်​ ​စေ့စပ်​​ကြောင်းလမ်းခြင်း ဖျက်​သိမ်းလွှာကို မုရုံချီချီက သူမလက်​ကို ဆန့်​ထုတ်​ကာ ဖမ်းလိုက်​သည်​။ သူမက ထိုစာကို တကြိမ်​​ဝေ့ဝဲဖတ်​ကြည့်​ပြီး​နောက်​ ​ကျေနပ်​သွားကာမှ စုယွဲ့အား လက်​လွှဲ​ပေးကာ ​ကောင်း​ကောင်း​စောင့်​ရှောက်​ထား​စေသည်​။

လျန်​သခင်​​လေး၏ ရင်​ခွင်​မှ ထွက်​ကာ မုရုံချီချီက လုံဇယ်​ကျင့်​ထျန်းအား ဂါရဝပြုလိုက်​သည်​။

"ကူညီ​ပေးတဲ့အတွက်​ ဝမ်​ရယ်​ကို ​ကျေးဇူးတင်​ပါတယ်​! ဝမ်​ရယ်​လည်း ကိုယ်​ချစ်​တဲ့မိန်းက​လေးကို အမြန်​ဆုံး ​တွေ့ဆုံနိုင်​ပြီး ပျံသန်းနိုင်​ပါ​စေလို့ ​မျှော်​လင့်​ပါတယ်​"

မုရုံချီချီ စကားလုံးက လုံဇယ်​ကျင့်​ထျန်းအား မျက်​​မှောင်​ကြုတ်​သွား​စေသည်​။ တုရှန်းအာကိစ္စက သူမ သိ​နေလို့လား? ဒုတိယအ​တွေးတွင်​ ထိုအရာမှာ လုံးဝမဖြစ်​နိုင်​​ပေ။

"ဟမ့်​! မုရုံချီချီ မင်း ဒါကို အ​ကောင်းဆုံးထက်​ ​ကောင်း​အောင်​ လုပ်​​ပေးလိုက်​တာပဲ!"

နောက်​ဆုံးတွင်​ ဒီအမှိုက်​ကို စွန့်​ပစ်​ဖို့ ကျိုး​ကြောင်းခိုင်​လုံသည့်​ ဆင်​​ခြေတခု ရှာ​တွေ့ခဲ့သည်​။ ထိုအချက်​က လုံဇယ်​ကျင့်​ထျန်းစိတ်​အား ပို​ကောင်း​စေခဲ့သည်​။ ချက်​ချင်း သူ့တကိုယ်​လုံး သက်​​တောင့်​သက်​သာ ဖြစ်​​သလို ခံစားလိုက်​ရသည်​။ လက်​ထပ်​စရာ မရှိ​​တော့​သောအခါ သူ့အ​နေဖြင့်​ တုရှန်းအာအား လွတ်​လွတ်​လပ်​လပ်​ ရှာ​ဖွေနိုင်​မည်​။ ​တောအုပ်​ထဲက နတ်​သမီး​လေးအ​ကြောင်း စဉ်းစားလိုက်​သည်​နှင့်​ လုံဇယ်​ကျင့်​ထျန်းမှာ ​ပျော်​ရွှင်​လာသည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now