Chapter 14

255 32 0
                                    

Zawgyi Version

မုရုံကျွင်း၏ စကားများကို မုရုံချီချီက မကြားဟန်​​ဆောင်​လိုက်​သည်​။ သူမက သူမ၏ ဖြူစင်​ရိုးသားသည့်​ သွင်​ပြင်​ကို ထိန်းသိမ်းထားပြီး ပွဲကြည့်​စင်​သို့ လမ်း​လျှောက်​သည့်​အခါ မုရုံရှင်းလျန်​မှ သူမလက်​ကို ကိုင်​ပြီး ​ခေါ်တာကို ချစ်​စဖွယ်​ ခွင့်​ပြုလိုက်​သည်​။

"ပထမအစ်​ကိုကို နှုတ်​ခွန်းဆက်​ပါတယ်​!"

မုရုံကျွင်းက သူ့ယပ်​​တောင်​ကို ဖွင့်​လိုက်​ပြီး တခြားနည်းလမ်းဖြင့်​ တုံ့ပြန်​လိုက်​သည်​။

"သူမကို ငါတို့​စောင့်​​နေရမှန်းသာ ငါသိခဲ့ရင်​ ငါ့ရဲ့ ​သောင်းဟုန်​​လေးကို သွားရှာဖို့ ရီဟုန်​​လော့ကိုပဲ ငါ သွားလိုက်​တယ်​။ ငါ့အချိန်​​တွေ ဘယ်​​လောက်​များ အလဟသ ဖြစ်​သွားသလဲ?"

*** ရီဟုန်​​လော့ - ပြည့်​တန်​ဆာအိမ်​အမည်​***

မုရုံကျွင်း ဒီလိုစကား​မျိုး ​ပြောထွက်​လာမည်​ကို မုရုံရှင်းလျန်​နှင့်​ မုရုံချင်းလျန်​တို့က ခန့်​မှန်းပြီးသားပင်​။ ဒီသခင်​​လေးသည်​ 'မြို့​တော်​၏ ဆန်​ကုန်​​မြေ​လေး' ဟု လူသိများသည်​။ အချစ်​​ရေးနယ်​ပယ်​တွင်​ ကျွမ်းကျင်​သူတ​ယောက်​။ သူသည်​ အစားစားခြင်း၊ အရက်​​သောက်​ခြင်း၊ မိန်းမ​လိုက်​စားခြင်းနှင့်​ ​လောင်းကစားခြင်းတို့တွင်​ အထူးကျွမ်းကျင်​သည်​။ သူအကြိုက်​ဆုံးအရာမှာ လှပ​သော မိန်းမများပင်​။ သူ အနှစ်​သက်​ဆုံးအရာမှာ လှပ​သော မိန်းမများနှင့်​ ​ပွေ့ဖက်​ရခြင်းပင်​။

မုရုံအိမ်​​တော်​၏ တဦး​တည်း​သော ​အ​မွှေးတိုင်​အိုး​လေး ဖြစ်​​သော​ကြောင့်​ မုရုံတိုင်​သည်​ ထိုသားရတနာ​လေးကို အလွန်​နှစ်​သက်​​ပေသည်​။ သူက သာမာန်​မိန်းက​လေးများကို ဖိအား​ပေးသည်​ ဖြစ်​​စေ၊ ​လောင်းကစား​ကြွေး တင်​လျှင်​ ဖြစ်​​စေ အဆုံးတွင်​ မုရုံတိုင်​သည်​ သူ့သားအား ကူညီ​ဖြေရှင်း​ပေးသည်​။

***အ​မွှေးတိုင်​အိုး - မိသားစုမျိုးရိုးကို အရှည်​တည်​​အောင်​ ဆက်​ခံရသည့်​ တဦးတည်း​သောသူ***

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now