Chapter 10

370 45 1
                                    

Zawgyi Version

အခုရောက်နေတာက မုရုံအိမ်တော်ထဲတွင် ဖြစ်သည်။ သူ့သမီးကို မည်ကဲ့သို့ သင်ခန်းစာပေးပါစေ၊ လီယွင်ချင်းတွင် ကြားဝင်နှောက်ယှက်ရန် အခွင့်အရေး မရှိပေ။

ထိုသို့ တွေးပြီးနောက် မုရုံထိုက်​၏ မျက်လုံးများသည် မုရုံချီချီထံသို့ နှစ်ကြိမ်ခန့် ဝေ့ဝဲကြည့်လိုက်သည်။ သူမကို မမြင်ရတဲ့ ငါးနှစ်အတွင်းမှာ သူမ ခုလို တိုင်တန်းတတ်လာမယ်လို့ သူ မထင်ခဲ့မိပေ။ လီယွင်ချင်းဘက်က ဒီလိုပြောလာမှ သူမက လီမိသားစုရှေ့မှာ တခုခုပြောဆိုခဲ့တာများ ဖြစ်နေနိုင်မလား?

မုရုံချီချီက ကြောက်သလို ရွံ့သလို အမူအယာမျိုးကို ဆက်လက်လုပ်ဆောင်သောအခါ မုရုံထိုက်​၏ ဒေါသများသည် ပြန်လည်မြင့်တက်လာပြန်သည်။ လီယွင်ချင်းသာ ဒီမှာ ရှိနေတာ မဟုတ်ပါလျှင် သူအနေဖြင့် ဒီအမှိုက်မကို ကန်ထုတ်ပစ်မိမှာ အသေအချာပင်။ အလှအပကို လိုလို့ ရှိလားဆိုရင်လည်း မရှိ။ အရည်အချင်းကို လိုချင်လို့ ရှိလားဆိုပြန်ရင်လည်း မရှိချေ။ ဘာကြောင့်များ သူ... မုရုံထိုက်​ဟာ ဒီလိုအမှိုက်သမီးမျိုးကို မွေးဖွားလာခဲ့ရသလဲ? ထိုကိစ္စမှာ အလွန်ကျက်သရေတုံးလွန်းသည်။

လီယွင်ချင်းပြောသည်ကို မုရုံရှင်းလျန်ကြားပြီးနောက် သူမက ဖေးချွေ့ကို စေခိုင်းထားသည်ကို ရှာတွေ့ရမည်အား သူမ ကြောက်လန့်လာသည်။ သို့သော် သူမ အချိန်တော်တော်ကြာ စောင့်သည်အထိ လီယွင်ချင်းကလည်း ဆက်မပြော၊ မုရုံတိုင်ကလည်း မစုံစမ်းပေ။ မုရုံရှင်းလျန် သက်ပြင်းချလိုက်သည်။

အဖေဖြစ်သူမှာ မုရုံချီချီကို လုံးဝဂရုမစိုက်ဘူးဟု မြင်ရသည်။ အဆုံးသတ်တွင် အမှိုက်မသည် အမှိုက်မဆက်ဖြစ်နေပြီး အိမ်တွင် အသုံးမကျဖြစ်နေသေးသည်။ အဖေက သူမကို ကျောခိုင်းထားတာလည်း မထူးဆန်းပါ။

လီယွင်ချင်းစကားကို ကြားပြီးနောက် ဘယ်ဘက်ကို ရပ်မည်ဆိုတာကို မုရုံထိုက်​မှ မပြောရသေးမှီ ကောင်းကင်နှင့် မြေကြီးကိုပင် ကိုင်လှုပ်နိုင်သော ငိုသံတခုကို ကြားလိုက်ရသည်။ မြှူဆွယ်ဖျားယောင်းတဲ့ အဝတ်အစားများကို ဝတ်ဆင်ထားတဲ့ မိန်းမနှစ်ယောက်ဟာ 'ငါ့ကလေးလေး' ဟု အော်ဟစ်ငိုယိုရင်း စွေ့ကျူးခြံဝန်းအတွင်းကို ဝင်ရောက်လာသည်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now