Chapter 34

170 26 6
                                    

Zawgyi Version

စွေ့ကျူးခြံဝန်းအတွင်းတွင် ပေကျိုးမှ ဖုန်းချန်ပို့ပေးသည့် လက်ဆောင်များဖြင့် ပြည့်နှက်နေသည်။ အဝတ်အစားနှင့် လက်ဝတ်ရတနာများမှအစ အိမ်အလှဆင်ပစ္စည်းများအထိပင်...။ သူက ပေကျိုးမှ မုန့်များကိုတောင် ထည့်ပို့ပေးခဲ့သည်။ အတိုချုပ်အားဖြင့် ဝမ်ဖေးတပါးတွင် ရှိသင့်သည့်အရာများအားလုံးကို ဖုန်းချန်က ပြင်ဆင်ပေးထားသည်။

"မင်းသမီးက ကျွန်မတို့ပေကျိုးအဝတ်အစား ဝတ်ဆင်လိုက်တော့ တကယ့်ကို အရမ်းလှတာပဲ!"

ဖုန်းယွီက ကျေနပ်အားရမှုများ ပြည့်နေသည့် မျက်နှာဖြင့် မုရုံချီချီရှေ့တွင် ရပ်နေသည်။ ဖုန်းယွီက ဖုန်းချန်ပို့လိုက်သည့် ဒေါ်လေးဖြစ်သည်။ သူမက ဖုန်းမိသားစု၏ အစေခံဖြစ်၏။ မျိုးဆက်တဆက်ပြီး တဆက်တိုင် သူမမိသားစုက သစ္စာရှိခဲ့သောကြောင့် သူမက 'ဖုန်း'မျိုးရိုးအမည်ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အတူတကွနေထိုင်ခဲ့ပြီးနောက် ဖုန်းယွီသည် ဒီအနာဂတ်နန်လင်းဝမ်ဖေးဖြစ်သည့် မုရုံချီချီအား အလွန်ကျေနပ်အားရမိသည်။ ကျင့်ဝတ်တစ်ခုကို ဖုန်းယွီက တခါပဲ ပြုလုပ်ပြရပြီး မုရုံချီချီက ကောင်းစွာလေ့လာနိုင်သည်။ ဒုတိယအကြိမ် ပြသရန်မလိုအပ်တော့ပေ။

ဖုန်းယွီက ပေကျိုးတွင် မြင့်မြတ်သော မိန်းမပျိုများကို မြင်ဖူးခဲ့သော်လည်း မုရုံချီချီလောက် အတတ်မြန်သည့်သူမျိုး မတွေ့ဖူးခဲ့ပေ။ ရက်အနည်းငယ်ကြာပြီးနောက် သူမ သိသမျှ အရာအားလုံး မုရုံချီချီ အခု သိသွားပြီဟု ဖုန်းယွီက ခံစားမိသည်။ သူမက အသုံးမဝင်လာသလိုပင် ဖြစ်လာသည်။

"ကျွန်မတို့သခင်မလေးက ဘာဝတ်ဝတ် ကြည့်ကောင်းနေမှာပဲ!"

စုမိန်က ဒီအနာဂတ်ကူယဲ့ကို မျှော်လင့်ချက်မြင့်မြင့်မားမား ထားထားသည်။ အနည်းဆုံး အခုအတွက် ဖုန်းချန်က မုရုံချီချီကို ပြသနေသည့် သူ့သဘောထားကို စုမိန်က အလွန်ကျေနပ်လျှက် ရှိသည်။ ထို့အပြင် ဒီကူယဲ့က အလွန်အာရုံစိုက်သည့်ပုံ ရှိသည်။ သူမနှင့် စုယွဲ့တို့၏ အဝတ်အစားများကိုတောင် ပြင်ဆင်ထားသည်။ ဒီကူယဲ့က ဘယ်လိုစည်းရုံးရမည်ဆိုသည့် နည်းလမ်းများကို လိုက်နာပုံ ပေါ်သည်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now