Chapter 33

201 27 1
                                    

Zawgyi Version

လုံဇယ်​ယွီအာ၏ သည်းမခံနိုင်​​သော အမူအယာသည်​ ပိုင်​မူ​ဖေးနှင့်​ ဖန်း​ခွေတို့အား တချိန်​တည်းလိုလို မျက်​​မှောင်​ကြုတ်​သွား​စေသည်​။ ပိုင်​မူ​ဖေးက စကားတခွန်းမှ မဆို​သော်​လည်း ဖန်း​ခွေက သူ့သခင်​ကို တ​ယောက်​​ယောက်​က ဒီလို​ပြောဆိုတာမျိုး ခွင့်​မပြုနိုင်​​ပေ။

"မင်းသမီးက ​ပေးနိုင်​တယ်​ဆိုရင်​​တောင်​မှ ကျွန်​​တော်​တို့သခင်​​လေးက စိတ်​ပါလား မပါလားဆိုတာ​ပေါ်မှာ မူတည်​​နေ​သေးတယ်​။ ထည့်​​ပြောစရာမလိုတာက..."

ဖန်း​ခွေက လုံဇယ်​ယွီအာ၏ ​​ခေါင်းစ​ခြေဆုံး ကြည့်​လိုက်​ပြီး

"မင်းသမီးရဲ့ ကြွယ်​ဝမှုကို ကြည့်​ရတာ​တော့ မင်းသမီးအ​နေနဲ့ မတတ်​နိုင်​မှာကိုပဲ ကျွန်​​တော်​စိုးရွံ့မိပါတယ်​"

"ရှင်​ ဘာ​ပြောလိုက်​တယ်​? ပန်​ကုန်းမှာ ပိုက်​ဆံမရှိဘူးလို့ ​ပြောချင်​တာလား?"

အထက်​တန်းလွှာမင်းသမီး ဖြစ်​​နေရခြင်း​ကြောင့်​ ဘယ်​တုန်းကများ လုံဇယ်​ယွီအာက ဒီလို​လှောင်​​ပြောင်​ခြင်းမျိုး ခံရခဲ့ဖူးလို့လဲ?

"ပန်​ကုန်းမှာ ​ပေါများ​နေတာက ​ငွေပဲ! ​ပြောစမ်း ​ဘယ်​​လောက်​လိုသလဲဆိုတာကို"

"ဟီဟီ..."

လုံဇယ်​ယွီအာ၏ အလွန်​ဘဝင်​မြင့်​​နေ​သော ပုံစံကို ကြည့်​ကာ ဖန်း​ခွေက ​လှောင်​ရယ်​လိုက်​သည်​။

"ပိုင်​သခင်​မ​လေးလက်​ထဲက '​ကြွေပန်း​လေးရဲ့​နွေဦးရာသီအိပ်​စက်​ခြင်း'ဆိုတဲ့ ရတနာတဆင်​စာရဲ့ ပစ္စည်းတန်​ဖိုးတင်​ ​ရွှေလျန်​တ​သောင်း တန်​​နေပြီ။အလုပ်​သမားခ​တွေ ထုတ်​လုပ်​မှုကုန်​ကျစရိတ်​​တွေနဲ့ အသားတင်​အမြတ်​တန်​ဖိုး​တွေ ထည့်​မ​ပေါင်းရ​သေးဘူး​နော်... ဒီ​လောက်​နဲ့တင်​ မင်းသမီးက တတ်​နိုင်​​တော့မှာ မဟုတ်​ဘူး။ ဒါ့အပြင်​ မင်းသမီးမှာ ရှိသမျှ အရာအားလုံးကို စ​တေးပြီး ​ငွေရ​အောင်​ လုပ်​ချင်​စိတ်​ ရှိ​နေတယ်​ဆိုရင်​​တောင်​ ကျ​နော်​တို့သခင်​​လေးက ဒါကို လုပ်​​ပေးဖို့ ဆန္ဒရှိမှာ မဟုတ်​ဘူး။ ပြီး​တော့ လူအနည်းငယ်​​လောက်​ကပဲ ကျ​နော်​တို့သခင်​​လေး မျက်​စိကျ​အောင်​ လုပ်​နိုင်​စွမ်းရှိတယ်​။ မင်းသမီးက ရယ်​စရာတခု ဖြစ်​မသွားရ​အောင်​ အဲ့ဒီလိုအ​တွေးမျိုး​တွေကို ​လျော့​တွေးသင့်​တယ်​"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now